ဆမီးမြို့၌ အမြင့်ရေတင်စီမံကိန်းလုပ်ငန်း(၂)ရပ် ၁၀၀ရာခိုင်နှုန်းပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့တွင် ချင်းပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြု ငွေဖြင့် ဆောင်ရွက်သည့် အမြင့်ရေတင်စီမံကိန်းလုပ်ငန်း(၂)ရပ် ၁၀၀ရာခိုင်နှုန်းပြီးစီးမှုအား ယမန်နေ့ ညနေ(၃)နာရီ အချိန်တွင် ကွင်းဆင်းစစ်ဆေးမှုအား ဆောင်ရွက်ခဲ့ကြသည်။