ချင်းပြည်နယ်

တွန်းဇံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် Mask များ အခမဲ့ဖြန့်ဝေပေး

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်အတွင်းရှိ လူသွားလူလာများပြားသည့် လမ်းဆုံများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လှုပ်ရှားမှုအဖြစ် ယနေ့နံနက် ၁၀ နာရီအချိန်မှစ၍ Mask အခမဲ့ ဖြန့်ဝေပေးခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

ကန်ပက်လက်မြို့၌ ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ (DMO)ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရေးအတွက် နေရာသစ် (၂)ခုအား ကွင်းဆင်းကြည့်ရှု

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့၌ ခရီးသွားကဏ္ဍမြှင့်တင်နိုင်ရေးအတွက် ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ (DMO)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က သဘာဝအခြေခံ ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရေးအတွက် နေရာသစ်(၂)ခုအား ၂၀၂၀ပြည့်နှစ် ယမန်နေ့က ကွင်းဆင်းကြည့်ရှု ခဲ့ကြသည်။

ဟားခါးမြို့သို့ဝင်ရောက်လာသည့် ကုန်တင်ယာဉ်နောက်လိုက် အမျိုးသား(၁)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးထပ်မံတွေ့ရှိ

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိမော်တော်ယာဉ်လိုင်းများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသောအချက်များနှင့့််အညီ မော်တော်ယာဉ် ပြေးဆွဲရာတွင် ယာဉ်မောင်းနှင့်ယာဉ် နောက်လိုက်များ လိုက်နာဆောင်ရွက်နိုင်စေရေးအတွက် ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များ အား Swab နမူနာ စစ်ဆေးခြင်းကို ကျန်းမာရေးအကာအကွယ် ဝတ်စုံများ စနစ်တကျဝတ်ဆင်၍ အောက်တိုဘာလ ၉ ရက်နေ့မှစတင်၍ ဟားခါးမြို့အဝင်ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် စတင်စစ်ဆေးခဲ့ရာ ဒီဇင်ဘာလ ၂ ရက်နေ့က ကုန်တင်ယာဉ်နောက်လိုက်အမျိုးသား(၁)ဦးတွင် COVID-19 ရောဂါပိုးထပ်မံတွေ့ရှိ၍ ရောဂါပိုးတွေ့ရှိ သူပေါင်း (၆)ဦးအထိရှိလာကြောင်း ချင်းပြည်နယ် ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစောမြင့်လွင်ထံမှသိရှိရသည်။

တီးတိန်မြို့ ပြည်သူ့ဆေးရုံသို့ ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့လူနာတစ်ဦးဆေးကုသမှုခံယူရန် ရောက်ရှိ

ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ကိုဗစ်- ၁၉ ပိုးတွေ့လူနာ တစ်ဦးသည် ယမန်နေ့ ညနေ ၅ နာရီက ဆေးကုသမှု ခံယူရန် ရောက်ရှိကြောင်း သိရသည်။

ဟားခါးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တုံ့ပြန်နိုင်စွမ်းအားကောင်းသော လူထုဖွံ့ဖြိုးရေးစီမံကိန်း(RCDP)ကို မြို့နယ်အတွင်းရှိကျေးရွာ၏ ၁၀ ရာခိုင်နှုန်းကို စတင်ဆောင်ရွက်မည်

ဟားခါးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရပ်ရွာလူထု၏ စွမ်းဆောင်ရည် မြင့်မားရေးအပေါ် အခြေတည်၍ ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူထုကိုယ်တိုင် ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေတိုးပွားလာစေပြီး လူနေမှုအဆင့်အတန်းမြင့်မားလာကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်နိုင်စွမ်းအား ကောင်းလာစေရန်ရည်ရွယ်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တုံ့ပြန်နိုင်စွမ်းအားကောင်းသော လူထုဖွံ့ဖြိုးရေးစီမံကိန်း(RCDP)ကို မြို့နယ် အတွင်းရှိ ကျေးရွာ၏ ၁၀ရာခိုင်နှုန်းကို စီမံကိန်းထောက်ပံ့ငွေ စတင် ထောက်ပံ့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask မဖြစ်မနေတပ်ဆင်ရေး စီမံချက်(Mask Campaign)အရှိန်အဟုန်မြင့် ဆက်လက်ဆောင်ရွက်ရာ ပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် ပါဝင်ဆောင်ရွက်

ဟားခါးမြို့တွင် COVID-19 ရောဂါ ကာကွယ်ရေးအတွက် Mask မဖြစ်မနေတပ်ဆင်ရေး စီမံချက်(Mask Campaign )ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့် အညီ ယနေ့ နံနက် ၉နာရီအချိန်တွင် COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှားမှုအဖြစ် အရှိန်အဟုန်မြင့် ဆက်လက်ဆောင်ရွက်ရာ ပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဟားခါးမြို့ ဗိုလ်ချုပ်လမ်းမကြီး တစ်လျှောက်၌ Road Line များ အသစ်ပြန်လည် ဆေးသုတ်ခြင်းများ ဆောင်ရွက်

ဟားခါးမြို့တွင် ယာဉ်စီးနင်းသူပိုမိုများပြားလာပြီး ယာဉ်တိုက်မှု လျော့နည်းပပျောက် စေရေးအတွက် ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက်တွင် Road Line များ အသစ်ပြန်လည် ဆေးသုတ်ခြင်းကို ယမန်နေ့တွင် ဟားခါးမြို့နယ်လမ်းဦးစီးဌာနမှ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဟားခါးပြည်သူ့ဆေးရုံကြီး သွားနှင့်ခံတွင်း ပြင်ပလူနာဌာနတွင် အသုံးပြုနိုင်ရန်အတွက် ငွေကျပ် (၄၈၀၀၀၀)တန်ဖိုးရှိ ကျန်းမာရေး ပစ္စည်းများလှူဒါန်း

ဟားခါး ပြည်သူ့ဆေးရုံကြီး သွားနှင့်ခံတွင်း ပြင်ပလူနာဌာနတွင် အသုံးပြုနိုင်ရန်အတွက် ငွေကျပ် (၄၈၀၀၀၀)တန်ဖိုးရှိ ကျန်းမာရေးပစ္စည်းများ လှူဒါန်းခြင်းကို ယနေ့က ဟားခါးမြို့၊ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။

ထန်တလန်မြို့၌ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ဖွင့်လှစ် ရောင်းချနိုင်ရေး ကွင်းဆင်း စစ်ဆေး

ချင်ပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ အ​နေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ သတ်မှတ် စည်းကမ်းချက်များ နှင့်အညီ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချ ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီခွဲက ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး လျက်ရှိကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်