ချင်းပြည်နယ်

ထန်တလန်၌ မြို့အဝင်/အထွက် ပူးပေါင်းစစ်ဆေးရေးဂိတ်အား ကြည့်ရှုစစ်ဆေး

ချင်းပြည်နယ်၊ ဟားခါးခရိုင်အုပ်ချုပ်ရေးမှူး ဦး​အောင်ကိုဦး၊ ထန်တလန်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်နှင့် ကော်မတီဝင်များ သည် ယနေ့ နံနက် ၉ နာရီတွင် ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် အကြောင်းအမျိုးမျိုးကြောင့် ဖြတ်သန်းသွားလာ ဝင်ရောက်သည့် ခရီးသွားပြည်သူများအား စိစစ်ဆောင်ရွက်ထားရှိမှုအခြေအနေကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ရိခေါ်ဒါရ်၌ ပြည်တွင်းသို့ နိုင်ငံခြားဖြစ်အရက်အမျိုးမျိုး အခွန်တံဆိပ်ကပ်နှိပ်ရောင်းချရေးလုပ်ငန်းစီမံချက် ဆိုင်ရာ ရှင်းလင်းပွဲနှင့် အခွန်တံဆိပ်ကပ်နှိပ်ပေးခြင်းလုပ်ငန်းအား One Stop Service စနစ်ဖြင့် ဆောင်ရွက်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ချင်းပြည်နယ် ပြည်တွင်း အခွန်များဦးစီးဌာနမှ ပြုလုပ်သော ပြည်တွင်း၌ နိုင်ငံခြားဖြစ် အရက်အမျိုးမျိုး အခွန်တံဆိပ် ကပ်နှိပ်ရောင်းချရေး လုပ်ငန်းစီမံချက် ဆိုင်ရာရှင်းလင်းပွဲကို ယမန့်နေ့က ရိခေါ်ဒါရ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မတူပီမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

ချင်းပြည်နယ်၊ မတူပီမြို့တွင် ကိုဗစ်−၁၉ရောဂါ တာဆီးကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေး လုပ်ငန်းများကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှု ဦးစီးဌာနနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးတို့က စက်တင်ဘာလ (၁၀) ရက်နေ့မှ စတင်၍ မတူပီမြို့ရှိ ရပ်ကွက် (၄)ရပ်ကွက်နှင့် ကျေးရွာများ၌ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မတူပီမြို့ မိုးလုံလေလုံ အားကစားရုံ၌ Facility Quarantine ဝင်နေသူ စောင့်ကြည့်လူနာများအား ကြည့်ရှုအားပေး

ချင်းပြည်နယ်၊ မတူပီမြို့၌ ကိုဗစ်−၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အချိန်မီကုသနိုင်ရေးအတွက် ပြည်တွင်းပြည်ပမှ ပြန်လာသူများကို မတူပီမြို့ မိုးလုံလေလုံ အားကစားရုံ၌ Facility Quarantine ခံယူ လျက်ရှိကြရာ ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်အဆင့် ကိုဗစ်−၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်နှင့် ကော်မတီဝင်များ လိုက်ပါလာလျက် မိုးလုံလေလုံ အားကစားရုံ၌ Facility Quarantine ဝင်နေသူများအား ကြည့်ရှုအားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

တွန်းဇံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အဝင်/အထွက်ဂိတ်တွင် စစ်ဆေးမှုများ ၂၄ နာရီ အချိန်တိုးမြှင့် ဆောင်ရွက်

ချင်းပြည်နယ်၊ တွန်းဇံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် မြို့အဝင်/အထွက်ဂိတ်အား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ(၁၅)ရက်နေ့မှ စတင်၍ အချိန်တိုးမြှင့် ဆောင်ရွက်လျက်ရှိသည်။

တီးတိန်၌ တရားမဝင်တင်သွင်း ရောင်းချနေသည့် နိုင်ငံခြားအရက်အမျိုးမျိုးတို့အပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်စေခြင်း လုပ်ငန်းဆောင်ရွက်

ချင်းပြည်နယ်၊ တီးတိန်မြို့၌ တရားမဝင်တင်သွင်းရောင်းချနေသည့် နိုင်ငံခြားအရက်အမျိုးမျိုးတို့ အပေါ် အခွန်အမှတ် တံဆိပ် ကပ်နှိပ်ရောင်းချစေခြင်း လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့ နေ့လယ် ၁၁ နာရီခွဲက တီးတိန်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၌ ပြုလုပ်သည်။

ဖလမ်း၌ ပြည်ပမှ ပြန်လာသူ(၁၃)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိသည့် Facility Quarantine (၁၄)ရက် ပြည့်သူ (၇)ဦးအား နေအိမ်သို့ ပြန်လည်စေလွှတ်

ဖလမ်းမြို့၊ လုံပီးစိုက်ပျိုးရေးသိပ္ပံကျောင်း၌ အသွားအလာကန့်သတ် စောင့်ကြည့်ထားရှိသည့် ပြည်ပမှပြန်လာသူ(၁၃)ဦး၏ နှာခေါင်း နှင့် အာခေါင်တို့ပတ်(Swab )ကို စစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိခြင်းမရှိကြောင်းသိရသည်။

ပလက်ဝမြို့တွင် လျှပ်စစ်ဓာတ်အား ယာယီဖြတ်တောက်ခဲ့ရာမှ ပြန်လည်ဖြန့်ဖြူးပေးနိုင်ပြီ

ပလက်ဝမြို့၌ စက်သုံးဆီ(ဒီဇယ်ဆီ) ပြတ်လပ်မှုကြောင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု (၄)ရက်ကြာ ယာယီဖြတ်တောက်ခဲ့ ရာမှ ယမန်နေ့ညမှစ၍ လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးနိုင်ပြီ ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မှူးရုံးမှ သိရသည်။

ပလက်ဝမြို့၌ (၅)နှစ်အောက်ကလေးငယ်များအား ဗီတာမင်(အေ)နှင့်သံချဆေး တိုက်ကျွေး

ပလက်ဝမြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဦးစီးဌာနမှ (၅)နှစ်အောက် ကလေးငယ်များအား ဗီတာမင်(အေ)နှင့် သံချဆေးတိုက် ကျွေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် ရွာမရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။

ဟားခါးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်

ဟားခါးမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု ရွေး​ကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွား သင်တန်းကို ယနေ့နံနက် ၉ နာရီက ဟားခါးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ရှလွယ်ဆောင်၌ ကျင်းပရာ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဉက္ကဋ္ဌ ဉီးမြင့်ဉီးက အဖွင့်အမှာစကား ပြောကြားသည်။
Subscribe to ချင်းပြည်နယ်