ချင်းပြည်နယ်

မတူပီမြို့၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်

ချင်းပြည်နယ်၊ မတူပီမြို့တွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ပြီး အခြားဒေသများမှ ဝင်ရောက်လာသူများအားလုံးကို အသွားအလာ ကန့်သတ်ထားရှိများ ဆောင်ရွက်လျက် ရှိကြောင်း၊ မြို့ပေါ် လမ်းဆုံရှိ ဂိတ်၊ မြို့အဝင်ဂိတ်၊ မတူပီ−ပလက်ဝလမ်းဂိတ်နှင့် မတူပီ−ဟားခါးလမ်းရှိ ဖနိုင်ကျေးရွာ အဝင်ဂိတ် များတွင် နေ့စဉ်ကိုယ်အပူချိန်တိုင်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ခရီးသွားရာဇဝင် စစ်ဆေးခြင်း လုပ်ငန်းများကို မြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီများမှ ဦးဆောင် ဆောင်ရွက်နေကြောင်း သိရသည်။

မတူပီမြို့၊ တင်လောင်းကျေးရွာတွင် Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်သော လုပ်ငန်းများ ဆောင်ရွက်ပြီးစီး

ချင်းပြည်နယ်၊ မတူပီမြို့၊ အောက်လားကျေးရွာအုပ်စု၊ တင်လောင်းကျေးရွာတွင် နိုင်ငံတော်မှ ချမှတ်ထားသော ကိုဗစ်−၁၉ ကာလစီးပွားရေး ကုစားမှုအစီအစဉ်အရ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ကျေးရွာသူ ကျေးရွာသားများကို ကိုယ်တိုင်ဆောင်ရွက်စေခြင်းဖြင့် ကျေးရွာ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးစေရန်နှင့် ကျေးရွာသူ ကျေးရွာသားများဝင် ငွေရရှိစေရန် ရည်ရွယ်၍ စိုက်ပျိုးရေး၊မွေမြူရေးနှင့် ဆည်မြောင် ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်နေသည့် အောက်လား ကျေးရွာ အုပ်စု၊ တင်လောင်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ် ငန်းများပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။

ဟားခါးမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့၏ ညွန်ကြားချက်အမှတ် (၂/၂၀၂၀) ကို ပြည်သူများ သိရှိလိုက်နာစေရေး အသိပေးဆောင်ရွက်

ချင်းပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ဟားခါးမြို့နယ်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဆောင်ရန်ရှောင်ရန်များနှင့် ဟားခါးမြို့နယ် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့၏ ညွန်ကြားချက်အမှတ်(၂/ ၂၀၂၀) ကို ပြည်သူများ သိရှိလိုက်နာ နိုင်စေရေး အတွက် ဟားခါးမြို့နယ်အတွင်း မြို့ပေါ်၊ကျေးရွာများ အားလုံးသို့ အသံချဲ့စက်ဖြင့် အသိပေးကြေညာများကို နေ့စဉ်အရှိန်အဟုန်မြင့် ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

ထန်တလန်မြို့ မြို့မစျေးရှေ့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်း (Mask) (၃၀၀)ခုအခမဲ့ဖြန့်ဝေ

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့ အမှတ်(၁၀၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံး(ထန်တလန်)မှ ယာဉ်ထိန်းရဲအုပ် စိုးဝင်းသန်းနှင့် ထန်တလန် မြို့မရဲစခန်း ဒု-ရဲအုပ် ဟိန်းဝေဇင်လတ်တို့ ဦဆောင်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု မရှိစေရေးအတွက် နှာခေါင်းစည်း(Mask) များ (၃၀၀)ခုအခမဲ့ဖြန့်ဝေပေးခြင်းကို  ယ နေ့ နံနက် ၉ နာရီတွင် လူစည်ကား​နေရာဖြစ်သော ထန်တလန်မြို့ အမှတ်(၂) ရပ်ကွက်ရှိ မြို့နယ် စည်ပင်သာယာစျေးရှေ့၌ ဆောင်ရွက်ခဲ့ ကြကြောင်းသိရသည်။

တွန်းဇံမြို့၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အန္တရာယ်ရှိနေအိမ်တစ်လုံးအား ရွှေ့ပြောင်းထား

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀ ပြည့်နှစ်၊ ယနေ့ နံနက်(၉)နာရီ အချိန်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြေကြီးအက်ကြောင်းများ ဖြစ်ပေါ်လာပြီး မြေကြီးကျွံကျလာခြင်းကြောင့် နေအိမ်တစ်လုံးအား ဖြိုဖျက်ခြင်းနှင့် ရွေ့ပြောင်းခြင်း ဆောင်ရွက်ခဲ့ကြ‌ကြောင်းသိရသည်၊

ပလက်ဝမြို့တိုက်ပွဲရှောင်စခန်းများရှိ ပြည်သူများအား ထောက်ပံ့ကြေးပေးအပ်

ချင်းပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးစိုးထက်နှင့် အဖွဲ့သည် စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ပလက်ဝမြို့တိုက်ပွဲရှောင် စခန်းများသို့ သွားရောက်ပြီး တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ကြေးပေးအပ်ခဲ့ကြောင်း သိရသည်။

ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်တားဆီးရေးကော်မတီထံသို့ မျက်နှာအကာFace Shield နှင့် ပါးစပ်နှင့်နှားခေါင်းစည်းများလာရောက်လှူဒါန်း

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ Volunteer အဖွဲ့များပူးပေါင်းပြီး ဒေသ အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိရာ အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူ ပြုစေရေး အတွက် အလှူရှင်များဖြစ်သည့် ဦးစိုင်းစဝ်ဆွေနှင့် ဦးအောင်နိုင်တို့မှ မျက်နှာအကာ Face Shield နှင့် Mask များကို စက်တင်ဘာ ၁၁ ရက်က မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီထံသို့ လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်