ချင်းပြည်နယ်

မင်းတပ်မြို့၌ ခရိုင်အဆင့် ကိုဗစ်−၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

မင်းတပ်မြို့၌ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ရောဂါ နှင့်ပတ်သက်၍ ကာကွယ် ထိန်းချုပ်ကုသနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ခရိုင်အထွေထွေ အုပ်ချုပ်ရေး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။

ထန်တလန်မြို့တွင် သောက်သုံးရေ ပိုမိုရရှိရေးအတွက် အနက်ပေတစ်ရာအထက် တူးဖော်နိုင်သော တွင်းတူး စက်ကြီးဖြင့် တူးဖော်

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ သောက်ရေ၊ သုံးရေ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိရာ ဒေသခံပြည်သူများ သန့်ရှင်းသော သောက်သုံးရေကို ရရှိစေရေးအတွက် အနက်ပေ တစ်ရာအထက် တူးဖော်နိုင်သော တွင်းတူးစက်ကြီးဖြင့် စက်ရေတွင်းများ တူးဖော်ပေးလျက်ရှိသည်။

ကောင်းမွန်သော ဆေးဝါးရောင်းချမှု ကျင့်စဉ်များနှင့်အညီ ရောင်းချမှု ရှိ၊ မရှိ စစ်ဆေးခြင်းများနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်

ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကာလအတွင်း ချင်းပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ (ဆေးဝါးဓာတ်ခွဲ) ဒေါ်မွန်မွန်ခိုင် ဦးဆောင်၍ ပူးပေါင်းကော်မတီအဖွဲ့တို့သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ နှာခေါင်းစည်း Mask များ၊ လက်အိတ်များကို စနစ်တကျ တပ်ဆင်၍ ယနေ့နံနက် ၉ နာရီခွဲအချိန်က ဟားခါးမြို့ပေါ် ရပ်ကွက်များရှိ ဆေးဝါးအရောင်း ဆိုင်များသို့ ရောက်ရှိပြီး စျေးကွက်အတွင်း ကောင်းမွန်သော ဆေးဝါးရောင်းချမှု ကျင့်စဉ်များနှင့်အညီ ရောင်းချမှု ရှိ၊ မရှိ ၊ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ဆေးဝါးများ ရောင်းချမှု ရှိ၊ မရှိ၊ ဌာနမှ ထုတ်ပြန်ထားသည့် သုံးစွဲရန်မသင့် ဆေးဝါး ပစ္စည်းများနှင့် သက်တမ်းလွန် ဆေးဝါးများ ရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရှိရသည်။

မင်းတပ်မြို့ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ နှာခေါင်းစည်း၊ ဦးထုပ်နှင့် နံပါတ်ပြားမတပ်ဆင်သည့် ယာဉ်မောင်းများအား ဖမ်းဆီးအရေးယူ

မင်းတပ်မြို့ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားစေရေး၊ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို မြို့ဝင်/မြို့ထွက် ဂိတ်များ၊ လမ်းဆုံလမ်းခွနေရာများတွင် အရှိန်မြှင့်တင် ဆောင်ရွက် လျက်ရှိပြီး ယနေ့နံနက်ပိုင်းတွင် စံပြရပ်ကွက် စုပေါင်းရုံးလမ်းဆုံနေရာတွင် နှာခေါင်းစည်းမတပ်ဘဲ သွားလာသူများ၊ ဆိုင်ကယ်ဦးထုပ်နှင့် နံပါတ်ပြားမတပ်ဆင်သည့်ယာဉ်မောင်းများကို ဖမ်းဆီးလျက်ရှိ ကြောင်း သိရသည်။

မတူပီမြို့အတွင်း ပြည်တွင်းပြည်ပမှ ပြန်လည်ရောက်ရှိလာပြီး Facility Quarantine ဝင်ရောက်နေသူဦးရေ စုစုပေါင်း ၁၄ ဦးရှိ

ချင်းပြည်နယ် ၊ မတူပီမြို့ ( COVID-19) ရောဂါ၊ ကာကွယ်၊ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ၏ လမ်းညွှန်မှုနှင့်အတူ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာ ချက်များနှင့်အညီ မတူပီမြို့အတွင်း ပြည်ပ နှင့် ပြည်တွင်းမှ ပြန်လည်ရောက်ရှိလာပြီး စက်တင်ဘာလ ၉ ရက်နေ့ အထိ Facility Quarantine ဝင်ရောက်နေသူဦးရေ စုစုပေါင်း (၁၄) ဦး ရှိကြောင်း မတူပီမြို့ (COVID-19)ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ထံမှ သိရှိရသည်။

တီးတိန်၌ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေး ကျင့်စဉ် GAP/GAHP သင်တန်းဖွင့်လှစ်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဆွောင်းပီးကျေးရွာ Alinn Education Center ၌ မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးဌာန၏ ဦးဆောင်မှုဖြင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP)Good Agricurture Practices၊ ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေး ကျင့်စဉ်(GAHP)Good Animal Husbandry Practices သင်တန်းကို ယမန်နေ့တွင်ဖွင့်လှစ်ကြောင်းသိရသည်။

တွန်းဇံမြို့၌ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် စေတနာ့ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများပေးအပ်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်တွင် မသန်စွမ်းသူများအားထောက်ပံ့ ငွေပေးအပ်ခြင်း နှင့် စေတနာ့ဝန်ထမ်းများအား ထောက်ပံ့ ပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၀ ပြည့်နှစ်၊ ယမန်‌နေ့ နံနက်(၁၁)နာရီအချိန်တွင် ကျင်းပသည်။

နေအိမ်ပြင်ပထွက်ခွာသူများအား Mask များတပ်ဆင်ရန် အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေ

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ နေအိမ်ပြင်ပထွက်ခွာသူများအား Mask များတပ်ဆင်ရန် အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်(၉)နာရီက ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။

ဟားခါး၌ ယာဉ်တိုက်မှုလျော့နည်းပပျောက်စေရေး ရောင်ပြန်(Sticker)များ ကပ်နှိပ်ပေး

ချင်းပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ဟားခါးမြို့နယ်အတွင်း ယာဉ်တိုက်မှု လျော့နည်းပပျောက်စေရေးရည်ရွယ်၍ ​ ရောင်ပြန် (Sticker)များ ကပ်နှိပ်ပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင် ဟားခါးမြို့ လမ်းဆုံနေရာများတွင် အမှတ်(၁၆)ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး(ဟားခါး)မှ ရဲအုပ်ကိုကိုမောင် ဦးဆောင်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ဆောင်ရွက်ပေးခဲ့ကြပါသည်။

ဟားခါးမြို့နယ်အတွင်း Facility Quarantine ဝင်ရောက်နေသူများအား ချင်းပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့ငွေများပေးအပ်

ချင်းပြည်နယ် Coronavirus Disease 2019 ( COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုနှင့်အတူ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန် ကြေညာချက်များနှင့် အညီ ဟားခါးမြို့နယ်အတွင်း ပြည်ပနိုင်ငံများနှင့် ပြည်တွင်းမှ ပြန်လည် ရောက်ရှိလာပြီး စက်တင်ဘာလ ၉ ရက်နေ့ အထိ Facility Quarantine ဝင်ရောက်နေသူဦးရေ စုစုပေါင်း ၃၄ ဦး ကျန်ရှိနေကြောင်း ဟားခါးမြို့နယ် (COVID-19) ကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။
Subscribe to ချင်းပြည်နယ်