ချင်းပြည်နယ်

ရေဇွာ၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက်ကျေးရွာများအထိ တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ရေဇွာမြို့ရပ်ကွက်(၄)ကွက်အပြင်​ ကျေးရွာအုပ်စု (၂၁)ရွာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေးနှင့် မဲစာရင်း တိကျမှန်ကန်မှု ရှိစေရန် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ကျေးရွာ ရွေးကောက်ပွဲကော်မရှင်များ ပူးပေါင်းပြီး မဲစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းတပ်မြို့၌ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်း ဆောင်ရွက်

မင်းတပ်မြို့တွင်းရှိ ပြည်သူများ နှာခေါင်းစည်းများ တပ်ဆင်ခြင်းမရှိဘဲ သွားလာသူများကို နှာခေါင်းစည်းများ တပ်ဆင်သွားလာရန် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ပေး​ဝေခြင်းကို Mindat COVID-19 Volunteer အဖွဲ့နှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းတွင် မင်းတပ်မြို့ရှိ လမ်းဆုံလမ်းခွနေရာများနှင့် မြို့မစျေးရှေ့တွင် ပြုလုပ်ကြကြောင်း သိရသည်။

ပထမအကြိမ် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး စက်တင်ဘာ ၂၀ ရက်နေ့ ထိုးနှံပေးမည်

ပထမအကြိမ် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်းကို မင်းတပ်မြို့နယ်ရှိ အသက် (၉) နှစ်နှင့် (၁၀) နှစ်အထက် အမျိုးသမီးများကို စက်တင်ဘာ ၂၀ ရက်နေ့တွင် ထိုးနှံပေးနိုင်ရန်အတွက် စက်တင်ဘာ (၅) ရက်နေ့တွင် ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၌ သင်တန်းပေးလျက်ရှိကြောင်း သိရသည်။

ရိခေါ်ဒါရ်မြို့ COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် နယ်စပ်တစ်လျှောက် လုံခြုံရေး စောင့်ကြည့်ခြင်းနှင့် ရပ်ကွက်အတွင်း ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ခြင်း ရှိ/မရှိစစ်ဆေး

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ COVID-19 ရောဂါကြိုတင်ကာကွယ်တားဆီးရေးအတွက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်တစ်လျှောက် လုံခြုံရေးစောင့်ကြည့်ခြင်းနှင့် ရက်ကွက် အတွင်း အပြင်ထွက် သွားလာသူများ ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်ထားခြင်းရှိ/မရှိ စစ်ဆေးခြင်းကို ရိခေါ်ဒါရ်မြို့ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ တစ်ဦးအား ရိခေါ်ဒါရ်မြို့ တိုက်နယ်ဆေးရုံ Facility Quarantine နေရာ၌ စောင့်ကြည့်ထားရှိ

အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသား တစ်ဦးသည် ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်မှတစ်ဆင့် စက်တင်ဘာ ၄ ရက်က ရိခေါ်ဒါရ်မြို့သို့ရောက်ရှိလာပြီး အသွားအလာကန့်သတ်စောင့်ကြည့်ရန် ရိခေါ်ဒါရ်မြို့ တိုက်နယ်ဆေးရုံရှိ Facility Quarantine နေရာသို့ စောင့်ကြည့်ထားရှိခဲ့ကြောင်း သိရသည်။

လိုင်လင်းပီမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask) မတပ်သူများ ယခုဝယ်တပ်စနစ်ဖြင့် ဆောင်ရွက်လျက်ရှိ

ချင်းပြည်နယ်၊ လိုင်လင်းပီမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေးအတွက် ကြိုတင် ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ လိုင်လင်းပီမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်ပြီး ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်းအဖွဲ့မှ ယမန်နေ့ နံနက်ပိုင်းမှစ၍ နှာခေါင်းစည်း(Mask)များတပ်ဆင်ခြင်းမရှိဘဲ အပြင်ထွက်သည့် ပြည်သူများအား ယခုဝယ်တပ်စနစ်ဖြင့် ဆောင်ရွက် စေလျက်ရှိသည်။

ဖလမ်းမြို့နယ်၊ ခေါ်ပွာလ်ကျေးရွာ အရန်မီးသတ်တပ်ဖွဲ့ဝင်များအကြို အခြေခံမီးသတ်ပညာ သင်တန်းဆင်းပွဲပြုလုပ်

ဖလမ်းမြို့နယ်၊ ခေါ်ပွာလ်ကျေးရွာ အရန်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ် ပညာသင်တန်းဆင်းပွဲကို ယမန်နေ့ညနေ ၃ နာရီက အဆိုပါကျေးရွာ နှစ်ခြင်းဘုရားကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပြည်နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာ ကျန်းမာရေးအထောက်အကူပြု ကော်မတီလုပ်ငန်းညှိနှိုင်း အစည်း အဝေး ဟားခါး၌ကျင်းပ

၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပြည်နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာ ကျန်းမာရေးအထောက်အကူပြု ကော်မတီလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲက ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်း အဝေးခန်းမ၌ကျင်းပသည်။

ကျီခါးမြို့ မီးသတ်ဦးစီးဌာန ၀န်ထမ်းအိမ်ရာ ဆောက်လုပ်မှုနှင့်‌ မြေထိန်းနံရံဆောင်ရွက်မည့် နေရာအား တာ၀န်ရှိသူများ မှကြည့်ရှုစစ်ဆေး

ချင်းပြည်နယ်၊ ကျီခါးမြို့ မီးသတ်ဦးစီးဌာန ၀န်ထမ်းအိမ်ရာ ဆောက်လုပ်မှု အခြေအနေနှင့် မြေထိန်းနံရံ ပြုလုပ်မည့် အခြေအနေများကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က တွန်းဇံမြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်ဆောက်နှင့် ကျီခါးမြို့ အုပ်ချုပ်ရေး‌မှူး ဦးနေဇော်အောင် ဦးဆောင်သည့် မြို့အရည်အသွေး ကြီးကြပ်ရေး အဖွဲ့တို့က ပူးပေါင်းကွင်းဆင်း ကြည့်ရှူ စစ်ဆေး ခဲ့ကြကြောင်း သိရသည်။

ထန်တလန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်း(၁၉) ဦးရှိ

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့တွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၉)ဦးရှိပြီး အမည်စာရင်းများကို ထုတ်ပြန်‌ကြေညာထားပြီး ဖြစ်ကြောင်းသိရသည်။
Subscribe to ချင်းပြည်နယ်