ချင်းပြည်နယ်

ရိခေါ်ဒါရ်မြို့နှင့် အနီးအနားပတ်ဝန်းကျင် ကျေးရွာများတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များမှ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့နှင့် အနီးအနားပတ်ဝန်းကျင် ကျေးရွာများတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာ လုပ်ငန်းများကို ရိခေါ်ဒါရ်မြို့ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထန်တလန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ချင်းပြည်နယ်အတွင်း ထိန်းချုပ်ဓာတုပစ္စည်းများ လမ်းလွဲမရောက်စေရေး ရှောင်တခင် စစ်ဆေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ချင်းပြည်နယ်အတွင်း ထိန်းချုပ်ဓာတုပစ္စည်းများ လမ်းလွဲမရောက်စေရေး ရည်ရွယ်၍ ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက ဟားခါးမြို့ပေါ်ရှိ စတိုးဆိုင်များ၊ အိမ်သုံးပစ္စည်းရောင်းဆိုင်များတွင် ချင်းပြည်နယ် ထိန်းချုပ်ဓာတုပစ္စည်း စစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌ ချင်းပြည်နယ်ရဲတပ်ဖွဲ့၊ ဒုတိယ ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြင့်နိုင် ဦးဆောင်မှုသည့် ပူးပေါင်းအဖွဲ့တို့က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထန်တလန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်း (Mask) တပ်ဆင်ရေးလှုပ်ရှားမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအတွက် တာဝန်ရှိသူများက နှာခေါင်းစည်း (mask) တပ်ဆင်ရေး လှုပ်ရှားမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက လူစည်ကားနေရာဖြစ်သော ဗိုလ်ချုပ်လမ်းမကြီး တစ်လျှောက်တွင် လမ်းသွားလမ်းလာခရီးသွားပြည်သူများကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ မြို့တွင်းလှည့်လည် စိစစ်ရေးကော်မတီမှ တာဝန်ရှိသူများက အပြင်ထွက်တိုင်း မဖြစ်မနေ နှာခေါင်းစည်း(mask) တပ်ဆင်ဖို့မမေ့ကြရန် အသံချဲ့စက်ဖြင့် နေ့စဉ်အသိပညာပေး‌ ပြောကြားခြင်းနှင့် နှာခေါင်းစည်း(mask) မတပ်ဘဲ သွားလာနေကြသူများ ကို ယခုဝယ်၊ ယခုတပ်စေခဲ့‌ကြောင်း သိရသည်။

ဖလမ်း၌ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ရေးနှင့် အခြေခံကျန်းမာရေး ဝန်ထမ်းများအတွက် ကာကွယ်ဆေးထိုး လုပ်ငန်းဆိုင်ရာ အသိပညာပေး သင်တန်း ဖွင့်လှစ်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလအတွင်း အသက်(၉)နှစ်မှ (၁၀)နှစ်အရွယ် မိန်းကလေးများ အားလုံးအတွက် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစဉ်အလာတွင် ထည့်သွင်းထိုးနှံရန်နှင့် အခြေခံကျန်းမာရေး ဝန်ထမ်းများအတွက် ကာကွယ်ဆေးထိုး လုပ်ငန်းဆိုင်ရာ အသိပညာပေး သင်တန်းပို့ချခြင်းကို စက်တင်ဘာ ၁ ရက်နေ့မှ ၂ ရက်နေ့အထိ ဖလမ်းမြို့၊ သူနာပြုသင်တန်းကျောင်းရှိ ချယ်ရီခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။

ဟားခါးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ချင်းပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် ဟားခါးမြို့နယ်အတွင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်မှုထားသည့် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး အသိပေးနိူးဆော်ချက်များကို အများပြည်သူများ သိရှိနိုင်စေရေးအတွက် နေ့စဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ရေဇွာမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှလူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး လုပ်ငန်းဆောင်ရွက်

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ရေဇွာမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင်း မြေစိုက်နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်အစိုးရ၏ တိုင်းကျိုးပြည်ပြု ဆောင်ရွက်မှု မှတ်တမ်းများနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် ဆောင်ရွက်ခဲ့သည်။

မင်းတပ်မြို့၌ ဥပဒေဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေး

မင်းတပ်မြို့နယ်ရှိ ပြည်သူများအား ဥပဒေဆိုင်ရာ အထောက်အကူပေးနိုင်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူ ပေးရေးအဖွဲ့ အဖွဲ့ဝင်များက ယနေ့နံနက် ၁၀ နာရီအချိန်တွင် ​ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တီးတိန်၌ နှာခေါင်းစည်း ၃၅၀၀ ကျော်အခမဲ့ဖြန့်ဝေ

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းမှ စတင်၍ တီးတိန်မြို့နယ် ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်ကာကွယ်ရေး အဖွဲ့ဦးဆောင်မှုဖြင့် ပြည်သူများထံသို့ နှာခေါင်းစည်း များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်အတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်း (၂၁၀)ဦး ဝင်ရောက်ယှဉ်ပြိုင်မည်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြုလုပ်ကျင်းပ သွားမည်ဖြစ်ရာ ချင်းပြည်နယ်အတွင်းမှ လွှတ်တော်အသီးသီးသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို သြဂုတ်လ ၃၀ ရက်နေ့ မှစ၍ ကြေညာခဲ့ပြီး ချင်းပြည်နယ် အတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရေစုစုပေါင်း (၂၁၀)ဦးရှိကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးထံမှ သိရသည်။
Subscribe to ချင်းပြည်နယ်