ချင်းပြည်နယ်

ရေဇွာမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန စုပေါင်းအစည်းအဝေး ခန်းမ၌ ချင်းပြည်နယ် လူငယ်ရေးရာ ကော်မတီမှ ဦးဆောင်ပြီး လူငယ်စကားဝိုင်း အခမ်းအနားကျင်းပ

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ရေဇွာမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန စုပေါင်းအစည်းအဝေး ခန်းမ၌ ချင်းပြည်နယ် လူငယ်ရေးရာ ကော်မတီမှ ဦးဆောင်ပြီး လူငယ်စကားဝိုင်း ပြုလုပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

လိုင်လင်းပီမြို့၌ သြဂုတ်လ(၂၀)ရက်နေ့တွင် သားသတ်လိုင်စင်အား ချိတ်ပိတ်တင်ဒါစနစ်ဖြင့် ကျင်းပမည်

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင် (သားသတ်လိုင်စင်)အား ချိတ်ပိတ်တင်ဒါစနစ်ဖြင့် လိုင်လင်းပီမြို့ စည်ပင်သာယာရေးအဖွဲ့ရုံး၌ သြဂုတ်လ (၂၀)ရက်‌နေ့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

မတူပီခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ (ပထမ) နေ့ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ စိစစ်ခြင်း လုပ်ငန်းဆောင်ရွက်

ချင်းပြည်နယ်၊ မတူပီခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၏ ပထမနေ့ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ စိစစ်ခြင်းလုပ်ငန်းကို ယမန်နေ့က စတင်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

တီးတိန်မြို့နယ်တွင် Cash for Work စီမံကိန်း လုပ်ငန်းဆောင်ရွက်မှု ကွင်းဆင်းစစ်ဆေး

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် လတ်တလောဖြစ်ပေါ်နေသည့် ပြည်သူများ၏ လူမှုစီးပွားဘဝ ထိခိုက်မှုများ ကုစားနိုင်ရန်အတွက် နိုင်ငံတော်၏(CERP)အစီအစဉ်အရ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ Cash for Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်အတွင်း လုပ်ငန်း ဆောင်ရွက်မှုများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူး ဦးဝင်းနွယ်နှင့် တာဝန်ရှိသူတို့က ယမန်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျီခါးမြို့စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင်များကို ချိတ်ပိတ်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်

ချင်းပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုအောက်ရှိ ကျီခါးမြို့စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်း လိုင်စင်များကို လေလံရောင်း ချရေးအဖွဲ့မှ ချိတ်ပိတ်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဟားခါးခရိုင်အတွင်း အမည်စာရင်း တင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်လောင်းများအား ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ စိစစ်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်၍ အရွေးချယ်ခံကြမည့် ဟားခါးခရိုင်အတွင်းမှ အမည်စာရင်းတင်သွင်းထားကြသော နိုင်ငံရေးပါတီများ မှ လွှတ်တော်ကိုယ် စားလှယ်လောင်းများအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်ချက်များနှင့်အညီ ဟားခါးခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ယနေ့နံနက် ၁၀ နာရီအချိန်မှစ၍ စိစစ်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ထန်တလန်မြို့နယ်၌ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ထန်တလန်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနက သစ္စာစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က ထန်တလန်မြို့ အမှတ် (၂) ရပ်ကွက်ရှိ စေတနာအဆောင်တွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဟားခါး၌ ကိုဗစ် - ၁၉ Economic Relief Plan အရ ငါးမွေးတောင်သူများသို့ ငါးသားပေါက်များ အခမဲ့ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနား ဟားခါးမြို့၌ ကျင်းပ

ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်း ငါးမွေးတောင်သူများ၏ စီးပွားရေး ထိခိုက်မှုကို သက်သာစေရေး ရည်ရွယ်လျက် ကိုဗစ် - ၁၉ Economic Relief Plan ဖြင့် ဟားခါးမြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများသို့ ငါးသားပေါက်များ အခမဲ့ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ချင်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမန်ဟင်းဒါလ် တက်ရောက်၍ ငါးမွေးတောင်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

ကျီခါးမြို့တွင် အသိပေးကြေညာ ကပ်ထားသည့် မဲဆန္ဒရှင်စာရင်းအား ပြည်သူများလာရောက် ကြည့်ရှုပြီး ပုံစံများရယူ ပြင်ဆင်ခြင်းများ ဆောင်ရွက်

၂၀၂၀ပြည့်နှစ်၊ နို၀င်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူများ ဆန္ဒပြု‌မဲပေးနိုင်ရေးအတွက် မဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်စာရင်းများကို ချင်းပြည်နယ်၊ ကျီခါးမြို့ပေါ် ရပ်ကွက်(၂)ခုရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ဇူလိုင်လ(၂၅)ရက်နေ့မှစတင်၍ အသိပေးကြေညာ ကပ်ထားလျက်ရှိရာ ပြည်သူများ လာရောက်ကြည့်ရှုခဲ့ကြပြီး ပုံစံများရယူ ပြင်ဆင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တွန်းဇံ၌ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကွင်းဆင်းဆောင်ရွက်ပေး

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ တုန်းတွောင်ကျေးရွာတွင် ယနေ့ နံနက်(၁၁)နာရီအချိန်တွင် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
Subscribe to ချင်းပြည်နယ်