ချင်းပြည်နယ်

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်(၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅)သို့ တက်ရောက်

(၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅)ကို ဒီဇင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တီးတိန်မြို့၌ ခရစ္စမတ်အကြို မတ်ဆုံစားပွဲပြုလုပ်ကျင်းပ

ချင်းပြည်နယ်အစိုးရ၏အစီအစဉ်ဖြင့် တီးတိန်မြို့၌ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘာသာရေးခေါင်းဆောင်များနှင့် မြို့မိမြို့ဖများ ခရစ္စမတ်မိတ်ဆုံစားပွဲကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟားခါးမြို့၌‌ ဒေသဘာသာဖြင့်ထုတ်ဝေသော ၂၀၂၅ ခုနှစ်‌ ပါတီစုံရွေးကောက်ပွဲ မဲဆန္ဒရှင် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ချင်းပြည်နယ်တာဝန်ခံ ဦးအောင်မိုးမြင့်က ကြည့်ရှုအားပေး

ချင်းပြည်နယ်၊ ဟားခါးမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအတွက် ဒေသဘာသာစကားဖြင့် ပြန်ဆိုထားသည့် မဲဆန္ဒရှင်အသိပညာပေးလက်ကမ်းစာ‌စောင်ဖြန့်ဝေခြင်း ကိမ်ပိန်းကို ဒီဇင်ဘာလ ၂၂ ရက် နံနက်ပိုင်းက ဗိုလ်ချုပ်လမ်း၊ ခရိုင်စုပေါင်းရုံးရှေ့နှင့် တလန်ဟရောန်းလမ်း ချင်းပြည်နယ် လွှတ်တော်ရုံးရှေ့များတွင် ဆောင်ရွက်ကြသည်။    

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ချင်းပြည်နယ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး၊ သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်၊ စစ်ဗျူဟာအဖွဲ့ (အခြေချ) ဟားခါးစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်လင်းထွန်းနှင့် ချင်းပြည်နယ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဝင်များ တက်ရောက်ကြသည်။  

တီးတိန်မြို့၌ ကြိုတင်မဲပေးခြင်းဆောင်ရွက်

ချင်းပြည်နယ်တီးတိန်မြို့၌ ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီ‌ ရွေးကောက်ပွဲကြိုတင်မဲပေးခြင်းကို ဒီဇင်ဘာ ၁၈ ရက်နေ့က စတင်ဆောင်ရွက်ကြရာ နယ်မြေလုံခြုံရေးထမ်းဆောင်မည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးသို့ လာရောက်ကြိုတင်မဲများပေးကြကြောင်း သိရသည်။

တီးတိန်မြို့၌  ယာယီနေရပ်စွန့်ခွာသူနိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနား ပြုလုပ်

ချင်းပြည်နယ်အစိုးရ၏ အစီအစဉ်ဖြင့်တီးတိန်မြို့၌ တီးတိန်ခရိုင်နှင့်တီးတိန်မြို့နယ်အတွင်း  ယာယီနေရပ်စွန့်ခွာသူနိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

တီးတိန်မြို့၌ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားပြုလုပ်

ချင်းပြည်နယ်အစိုးရ၏အစီအစဉ်ဖြင့် တီးတိန်မြို့၌ တီးတိန်ခရိုင်နှင့် တီးတိန်မြို့နယ်အတွင်း တိုက်ပွဲရှောင်နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

တီးတိန်မြို့၌ မဲရုံပုံစံပြသခြင်းနှင့် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း အထူးမွမ်းမံသင်တန်းဖွင့်

ချင်းပြည်နယ်တီးတိန်မြို့၌ ၂၀၂၅ခုနှစ်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံပုံစံပြသခြင်းနှင့် MEVM မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း အထူးမွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၆ ရက် နံနက်၁၀နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းစံကိုက်ညီကျောင်းဆောင်တွင် ပြုလုပ်သည်။

တီးတိန်မြို့၌မဲရုံပြသခြင်းနှင့် MEVM မဲပေးစက် ကိုင်တွယ်အသုံးပြုနည်း အထူးမွမ်းမံသင်တန်းဖွင့်ပွဲပြုလုပ်

ချင်းပြည်နယ်၊ တီးတိန်မြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်မဲရုံပြသခြင်းနှင့် MEVM မဲပေးစက် ကိုင်တွယ်အသုံးပြုနည်း အထူးမွမ်းမံသက်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စံကိုက်ညီကျောင်းဆောင်တွင် ပြုလုပ်သည်။

ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး ချင်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ခေတ်မီစိုက်ပျိုးရေးနည်းပညာနှင့် MSME ထုတ်ကုန်များပြပွဲ အခမ်းအနားသို့တက်ရောက်ချီးမြှင့်

ချင်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ခေတ်မီစိုက်ပျိုးရေးနည်းပညာနှင့် MSME ထုတ်ကုန်များပြပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့နယ် စုပေါင်းရုံးဝန်းအတွင်းရှိ MSME ပြခန်းနေရာ၌ကျင်းပရာ ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး၊ သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ ပြည်နယ်၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဟားခါးမြို့နယ်အတွင်းရှိ တောင်သူများ တက်ရောက်ကြကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်