ချင်းပြည်နယ်

ဟားခါးပညာရေးဒီဂရီကောလိပ် ၂၀၂၁−၂၀၂၂ ပညာသင်နှစ်၊ ပညာရေးဘွဲ့ (စာပေးစာယူ)၊ ပထမနှစ်သင်တန်း (၁ / ၂၂) သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်

ဟားခါးပညာရေးဒီဂရီကောလိပ်၏ ၂၀၂၁−၂၀၂၂ ပညာသင်နှစ်၊ ပညာရေးဘွဲ့ (စာပေးစာယူ)၊ ပထမနှစ် သင်တန်း (၁/၂၂) သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဟားခါးဒီဂရီကောလိပ်၊ စားရိပ်သာဆောင်၌ ကျင်းပပြုလုပ်ရာ  ပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက် အမှာစကားပြောကြားသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အ ဝေးကို ယနေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကားပြောကြားသည်။

ဟားခါးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အိမ်တွင်းအကြမ်ဖက်မှုဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

ချင်းပြည်နယ်၊ ဟားခါးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟို ဌာနတွင် ဧပြီလ ၁၉ ရက်နေ့ မွန်းတည့် ၁၂ နာရီက “အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး Talk Show” ကျင်းပသည်။

ဟားခါးမြို့၌ ၁၃၈၄ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကျင်းပ

၁၃၈၄ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် ဖျော်ဖြေရေး အစီအစဉ်များ ကြည့်ရှုအားပေး၊ သင်္ကြန်ပွဲတော်ပိတ်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် အတက်နေ့ဖျော်ဖြေရေး အစီအစဉ်များကို ယမန်နေ့နံနက် ၉ နာရီခွဲက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌ ဆက်လက်ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ်ဦးငွန်ဆန်းအောင်၊ ပြည်နယ်တရား သူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်း၊ဟားခါးတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယိမ်းအကအဖွဲ့များ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှု အားပေးကြသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ဟားခါးမြို့၌ မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် အကြတ်နေ့ကျင်းပနေမှုအား တက်ရောက်ကြည့်ရှုအားပေး

၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် အကြတ်နေ့ကို ယနေ့နံနက် ၉ နာရီခွဲက  ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌ ဆက်လက် ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ်  ဦးငွန်ဆန်းအောင်၊ ပြည်နယ်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်၊ ပြည်နယ် အစိုးရ အဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်း၊ ဟားခါးတပ်နယ်မှ ဗိုလ်မှူးကြီး စောထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယိမ်းအဖွဲ့များ၏ယှဉ်ပြိုင်နေမှုနှင့် ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။

ဟားခါးမြို့၌ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အကျနေ့ ဆက်လက်ကျင်းပ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်ကြည့်ရှုအားပေး

၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် အကျနေ့ကို ယမန်နေ့နံနက် ၉ နာရီခွဲက  ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ်  ဦးငွန်ဆန်းအောင်၊ ပြည်နယ်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ ပြည်နယ်အစိုးအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်း၊ ဟားခါးတပ်နယ်မှ ဗိုလ်မှူးကြီး စောထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယိမ်းအဖွဲ့များ၏ ယှဉ်ပြိုင်နေမှုနှင့် ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။

ဟားခါးမြို့တွင် မဟာသင်္ကြန်အကြို ဂေါက်ရိုက်ပြိုင်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ  ဟားခါးဂေါက်ကွင်း၌ ယမန်နေ့ နံနက် ၉ နာရီက မြန်မာတို့၏ ၁၂ လ ရာသီပွဲတော်များတွင် အဦးဆုံးဖြစ်သော သင်္ကြန်ပွဲတော်ကို ကြိုဆိုသောအားဖြင့် မဟာသင်္ကြန်အကြို ဂေါက်ရိုက်ပြိုင်ပွဲ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်သည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကားပြောကြားသည်။

ဟားခါးမြို့၌ ပြည်သူ ၄၇ ဦးအား Test Kit ဖြင့် စစ်ဆေးရာ တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ

ဟားခါးမြို့၌ ယမန်နေ့တွင် ပြည်သူ ၅၄ ဦးအား Test Kit ဖြင့် စစ်ဆေးရာ ၄ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်