ဟားခါးမြို့၌ ပြည်သူ ၉၁ ဦးအား Test Kit ဖြင့် စစ်ဆေးရာ ၇ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ ၃၄ ဦးပြန်လည်ကျန်းမာလာ
ဟားခါးမြို့၌ မတ်လ ၇ ရက်နေ့က ပြည်သူ ၉၁ ဦးအား Test Kit ဖြင့် စစ်ဆေးရာ ၇ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိပြီး ဆေးကုသမှုခံယူနေသည့် ပိုးတွေ့လူနာများအနက် ၃၄ ဦး ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။