ချင်းပြည်နယ်

ဟားခါးမြို့တွင် ဈေးနှင့်အိမ်ဆိုင်များ ပုံမှန်ဖွင့်လှစ်ပြီး နာရီစင်လမ်းဆုံနှင့် ရာလ်ဒွန်းဈေးရှေ့တွင် အိမ်ထောင်စု(၁)စုလျှင် ဆန်(၃)ပြည်နှုန်းဝေငှ

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့၌ မြို့မဈေး၊ ရာလ်ဒွန်းဈေးနှင့် အိမ်ဆိုင်များကို ပုံမှန်ဖွင့်လှစ်လျက်ရှိပြီး နာရီစင်လမ်းဆုံနှင့် ရာလ်ဒွန်းဈေးရှေ့၌ နံနက် ၁၀ နာရီတွင်  ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်အောင်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့တို့က လမ်းသွားလမ်းလာပြည်သူများအား  အိမ်ထောင်စု(၁)စုလျှင် ဆန်(၃)ပြည်နှုန်း ဖြင့် ဝေငှပေးလျက်ရှိကြောင်း သိရသည်။

ဟားခါးမြို့နယ်ရှိ ပြည်သူ ၄၁၅ ဦးအား Test Kit ဖြင့် စစ်ဆေးရာ ၃၈ ဦးတွင်  ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် လူထုကျန်းမာရေးစောင့်ရှောက်မှုကော်မတီဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ စတီဗင် လျန်ဟုပ်လိန်းဦးဆောင်၍ ဇန်နဝါရီလ ၂၀၊ ၂၉ နှင့် ၃၀ ရက်နေ့များတွင် ဟားခါးမြို့နယ်ရှိ ကျေးရွာသုံးရွာမှ ပြည်သူ ၃၇၂ ဦး၊ ဟားခါးမြို့ပေါ်ရှိ ပြည်သူ   ၄၃ ဦး၊ ပေါင်း ၄၁၅ ဦးကို  Test Kit ဖြင့် စစ်ဆေးရာ ၃၈ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

ဟားခါးမြို့တွင် နှစ်ပေါင်း ၄၂ နှစ်အတွင်း အနှိမ့်ဆုံးအပူချိန်အဖြစ် အနုတ် ၆ ဒဿမ သုညဒီဂရီ စင်တီဂရိတ်ရောက်ရှိ

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ယမန်နေ့ နံနက် ၆ နာရီခွဲအချိန်၌ အနှိမ့်ဆုံးအပူချိန် အနုတ် ၆ ဒဿမ သုည ဒီဂရီ စင်တီဂရိတ်ရောက်ရှိပြီး ၁၉၈၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ နှစ်ပေါင်း ၄၂ နှစ်အတွင်း ဇန်နဝါရီလအတွက် အနှိမ့်ဆုံးအပူချိန် စံချိန်တင်ခဲ့ခြင်းဖြစ်ကြောင်း ဟားခါးမြို့၊ ပြည်နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရုံးမှ သိရသည်။

ဟားခါးမြို့နယ်တွင် သတင်းထုတ်ပြန်မှုများအား သိရှိနိုင်ရန် အသိပေးနှိုးဆော်ခြင်းဆောင်ရွက်

အကြမ်းဖက်အဖွဲ့များ၏ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်သည့် လှုံ့ဆော်ဝါဒဖြန့်မှုများတွင် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လိုက်ပါလုပ်ဆောင်မိပါက ဥပဒေအရ အရေးယူခြင်းခံရနိုင်သဖြင့် ပါဝင်ပတ်သက်ခြင်းမရှိစေရန် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီက မြို့ပေါ် ရပ်ကွက်များအတွင်း လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားနှင့် (၇၄)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက် အမှာစကား ပြောကြားသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

အကြမ်းဖက်အဖွဲ့အစည်းများမှ Silent Strike (အသံတိတ်သပိတ်) ပြုလုပ်ရန် ထုတ်ပြန်ထားမှုနှင့်ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်နိုင်ရန် အသိပေးရှင်းလင်းဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကားပြောကြားသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့တက်ရောက်

ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေ:ကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကားပြောကြားသည်။

မူးယစ်ဆေးဝါးလျော့နည်းပပျောက်ရေးစေအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် သိန်း ၆၀ ဖြင့် တီးတိန် မြို့နယ်နှင့် တွန်းဇံမြို့နယ်ရှိ ဝင်ငွေနည်းပါး၍ မွေးမြူရေး စိတ်ပါဝင်စားသော အိမ်‌ထောင်စု (၆၀)စုအား‌ မွေးမြူရေး ဝက်တစ်ကောင် နှုန်း ထောက်ပံ့

ချင်းပြည်နယ်အတွင်း၌ မူးယစ်ဆေးဝါးလျော့နည်း ပပျောက်စေရေးစေအတွက် ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် သိန်း ၆၀ ဖြင့် တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်ရှိ ဝင်ငွေနည်းပါး၍ မွေးမြူရေးစိတ်ပါဝင်စားသော အိမ်‌ထောင်စု (၆၀)စုအား အိမ်ထောင်စု (၁)စုလျှင် မွေးမြူရေး ဝက်တစ်ကောင်နှုန်းဖြင့် ဝက် (၆၀)ကောင် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ်၏ ၂၀၂၂−၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ် စီမံကိန်း အဆိုပြုမှုနှင့် ဘဏ္ဍာငွေအရ အသုံးစာရင်းရေးဆွဲမှုနှင့် ၂၀၂၁−၂၀၂၂ခု၊ ဘဏ္ဍာရေးနှစ် (၆) လဘတ်ဂျက်၏လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေ ညှိနှိုင်းအစည်းအဝေးတက်ရောက်

ချင်းပြည်နယ်၏ ၂၀၂၂−၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းများစာရင်းနှင့် ဘဏ္ဍာငွေအရ အသုံးခန့်မှန်း ခြေရေးဆွဲထားရှိမှုရှင်းလင်းခြင်းနှင့် ၂၀၂၁ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ခုနှစ် မတ်လအထိ (၆)လအတွက် ပြည်ထောင်စု/ ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေ ရှင်းလင်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်မး၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကား ပြောကြားသည်။

ဟားခါးခရိုင်ပြည်သူ့စာကြည့်တိုက်တွင် ကလေးများ စာဖတ်စွမ်းရည်ပြိုင်ပွဲပြုလုပ်

ချင်းပြည်နယ်၊ ဟားခါးခရိုင်ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ယမန်နေ့မွန်းလွဲ ၂ နာရီက ကလေးများ စာဖတ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်သည်။
Subscribe to ချင်းပြည်နယ်