ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ချင်းပြည်နယ်တာဝန်ခံနှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ MEVM မဲပေးစက်လုပ်ငန်းဆိုင်ရာကြီးကြပ်မှုအဖွဲ့၊ MEVM စက်နည်းပညာ အထောက်အကူပြုအဖွဲ့များနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ချင်းပြည်နယ်တာဝန်ခံနှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ MEVM မဲပေးစက်လုပ်ငန်းဆိုင်ရာ ကြီးကြပ်မှုအဖွဲ့၊ MEVM စက်နည်းပညာ အထောက်အကူပြုအဖွဲ့များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ချင်းပြည်နယ်တာဝန်ခံ ဦးအောင်မိုးမြင့်၊ ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ စီးပွားရေးရာဝန်ကြီး ဒေါက်တာလျန်ဇခုပ်၊ သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်း၊ စစ်ဗျူဟာ(အခြေချ) ဟားခါး စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်လင်းထွန်း၊ MEVM မဲပေးစက်လုပ်ငန်းဆိုင်ရာကြီးကြပ်မှုအဖွဲ့နှင့် နည်းပညာ အထောက်အကူပြုအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။