ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား သီတင်းကျွတ်လပြည့်နေ့တွင် စတင်ဖွင့်လှစ်မည်
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား (၁၃၈၇) ခုနှစ် သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာ ၆ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။