မွန်ပြည်နယ်

ဘီးလင်းမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များနှင့် မိုဘိုင်းဖုန်းဆိုင်များအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီများကို သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ၊ မရှိနှင့် မိုဘိုင်းဖုန်းအရောင်းဆိုင်များတွင် တရားမဝင် ဆင်းကတ်များရောင်းချခြင်း ရှိ၊ မရှိကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သထုံမြို့၊ ရွှေချောင်း အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေး

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက သထုံမြို့၊ နန်းခဲရပ်ကွက်ရှိ ရွှေချောင်းအခြေခံပညာမူလတန်း‌ကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

ချောင်းဆုံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Pfizer Comirnaty JN.1  ကာကွယ်ဆေးထိုးနှံပေး

မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ်အတွင်းရှိ ပြည်သူများအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Pfizer Comirnaty JN.1   အားအသုံးပြု၍ WHOSAGE ၏ အကြုံပြုချက်များအရ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးလုပ်ငန်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  ယနေ့နံနက်ပိုင်းက မြို့နယ်ကျွန်းသာယာခန်းမတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေ ပြည်သူများအား  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဆောင်ရွက်ခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး‌နှံပေး

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်း ကိုဗစ် (၁၉)ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရန် ဇွန် ၁၂ ရက် နံနက် ၁၀ နာရီတွင် ကျိုက်ထိုမြို့နယ်ပြည်သူ့‌‌ဆေးရုံ (၂)ထပ်ဆောင်၌ ကာကွယ်ဆေးအားထိုးနှံပေးခဲ့သည်။

ပေါင်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး လက်ကမ်းစာစောင်များဖြန့်ဝေ

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် မွန်ပြည်နယ်အစိုးရအဖွဲ့ မွန်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီမှ ထုတ်ဝေသော ရာမညလက်ကမ်း စာစောင်များကို ယနေ့နံနက်ပိုင်းက လူစည်ကားရာနေရာများသို့သွားရောက်၍အခမဲ့ဖြန့်ဝေပေးခဲ့သည်။

လူမှုရေးရာဝန်ကြီး ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတက်ရောက်

၂၀၂၅ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက ပြည်နယ်လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်များ ရောင်းချပေးလျက်ရှိ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို ယနေ့နံနက်(၉)နာရီက ကဒါရပ်ကွက် မင်္ဂလာဈေးတွင် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် သူနာပြုသင်တန်းကျောင်း (မော်လမြိုင်) အပတ်စဉ် (၅၀)၏ အမျိုးသား ကုတ်အင်္ကျီနှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားတက်ရောက်

မွန်ပြည်နယ် သူနာပြုသင်တန်းကျောင်း (မော်လမြိုင်) အပတ်စဉ် (၅၀)၏ အမျိုးသားကုတ်အင်္ကျီနှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားကို ဇွန်လ (၁၂)ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ မော်လမြိုင်သူနာပြု သင်တန်းကျောင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သူနာပြုဆရာမကြီးငယ်များ၊ သင်တန်းသား/သူများတက်ရောက်ခဲ့သည်။

ကျိုက်မရောမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

မွန်ပြည်နယ်၊ ကျိုက်မရောမြိုနယ် အ.မ.က ကလိုင်းကနိုင်အပေါ်ရွာ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသပွဲကို ယနေ့နံနက် ၁၀ နာရီက အ.မ.ကအပေါ် ရွာကျောင်း၌ ပြုလုပ်ခဲ့သည်။

ချောင်းဆုံမြို့နယ်၌ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ (၅၀၉,၁၀၀,၀၀၀)ကျပ် ထုတ်ပေးပြီးစီး

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)၌ ၂၀၂၅ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို မေလ (၁၉) ရက်နေ့မှစတင်၍ ထုတ်ချေးပေးလျက်ရှိရာ ဇွန်(၁၂)ရက်နေ့အထိ ကျေးရွာ (၁၅)ရွာမှ တောင်သူ (၅၂၅)ဦး၏ စိုက်ဧက (၃၃၉၄)ဧကအတွက် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေ (၅၀၉,၁၀၀,၀၀၀)ကျပ် ထုတ်ပေးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Subscribe to မွန်ပြည်နယ်