ရေးမြို့နယ်၌ ကျောင်းသားလူငယ်များ စာဖတ်ရှိန်ပိုမိုမြင့်မားစေရေး လူငယ်ရေးရာအသိပညာပေး နှင့် ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ် အသိပညာပေးဟောပြော
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူး ပေါင်း၍ ဇွန်လ ၄ ရက်နေ့နံနက် ၁၀ နာရီတွင် သီရိမာလာရပ်ကွက်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ နှင့်ပလတ်စတစ်ညစ် ညမ်းမှုအန္တရာယ် စုပေါင်းကာကွယ် ခေါင်းစဉ်တို့ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။