မွန်ပြည်နယ်

မွန်ပြည်နယ်ဝန်ကြီးချုပ် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားဆောင်ရွက်မှုနှင့် ကျောင်းအပ်နှံမှုအား ကြည့်ရှုအားပေး

မွန်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတိုးတက်စေရေးနှင့် ပြည်သူများ၊ ကျောင်းသား/သူများ စာပေဖတ်ရှုသည့် အလေ့အထဖြစ်ပေါ်စေရန်၊ စာကြည့်တိုက်ယဥ်ကျေးမှုထွန်းကားလာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားဆောင်ရွက်မှုအား လစဉ်ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မုဒုံမြို့နယ် ဘဲရမ်းကျေးရွာရှိ ပညာပျိုးခင်းစာကြည့်တိုက်နှင့် မုဒုံမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ သုတရတနာစာကြည့်တိုက်တို့၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မုန်တိုင်းဘေးနှင့်ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်

မွန်ပြည်နယ် ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနသည် မုန်းတိုင်ဘေးနှင့် ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို မေလ ၂၈ ရက်နေ့ နံနက်ပိုင်းက မြို့နယ် မီးသတ်ဦးစီးဌာနရူံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်မရောမြို့နယ်၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌  ၂၀၂၅-၂၀၂၆ ပညာသင်နှစ်  မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အ..ထ.က ကျိုက်မရော (ပညာအားမန်)ခန်းမ၌  ကျင်းပခဲ့သည်။

မော်လမြိုင်မြို့နယ်၌ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ကျင်းပ

မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၌ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်စေရန်၊ ငါးရိက္ခာဖူလုံစေရန်အတွက် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရွှေမြိုင်သီရိရပ်၊ မျှော်လင့်ဆိပ်ကမ်း၌ ကျင်းပဆောင်ရွက်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံနေမှုနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားဆောင်ရွက်နေမှုများ ကြည့်ရှုအားပေး

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း (ရွှေနတ်တောင်)နှင့် မုဒုံမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချစ်ကြည်ရေးဘော်လီဘောပြိုင်ပွဲ ယှဉ်ပြိုင်နေမှု ကြည့်ရှုအားပေး ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ် လုပ်ကိုင်မှုကော်မတီ ဆဋ္ဌမအကြိမ်အစည်းအဝေး တက်ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ချစ်ကြည်ရေးဘောလီဘောပြိုင်ပွဲ ယှဉ်ပြိုင်နေမှုတို့ကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများပေးအပ်၍ အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

ချောင်းဆုံမြို့နယ်၌ တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်ဆန်းစစ်စီမံခြင်း အခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာများ၊ စာပေနှင့်ယဉ်ကျေးမှုများကို ထိန်းသိမ်းတတ်စေရန်၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်များကို ကူညီဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်ဆန်းစစ်စီမံခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က ကရင်ဝင်းစိန်ကျေးရွာ ကရင်စာပေခန်းမတွင်ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ချောင်းဆုံမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးအခမ်းအနားကျင်းပ

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီက  အ.ထ.က(ချောင်းဆုံ) ကျောင်း သီရိရတနာခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ)နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့သည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အ.ထ.က (၁)ကျောင်းရှိ ရှင်အရဟံခန်းမ၌ ကျင်းပခဲ့သည်။

မုဒုံမြို့၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်က မြို့မ(၄)ရပ်ကွက်ရှိ ကန်ကြီးသုဿာန်ဝင်းမြေနေရာ၌ ကျင်းပသည်။
Subscribe to မွန်ပြည်နယ်