ချောင်းဆုံမြို့နယ်၌ အချိန်မီစိုက်ပျိုးနိုင်ရေး မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ စတင် ထုတ်ချေးပေး
မွန်ပြည်နယ် ၊ ချောင်းဆုံမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် ၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို မေလ (၁၉)ရက်နေ့က မြို့နယ်မြန်မာ့လယ်ဖွံ့ဖြိုးရေးဘဏ်(ခွဲ)တွင် စတင်ထုတ်ချေးပေးလျက်ရှိရာ ကလွီကျေးရွာမှ မိုးစပါးစိုက်တောင်သူ(၁၆)ဦးတို့၏ စိုက်ဧက(၈၇)ဧကအတွက် (၁၃၀၅၀၀၀၀) ကျပ် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။