ကဆုန်လပြည့် (ဗုဒ္ဓနေ့၌) သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့တွင် ကဆုန်ညောင်ရေသွန်းပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ
ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့တွင် ယမန်နေ့ညနေ ၅ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်မိုးလွင် နှင့်အဖွဲ့ဝင်များ၊ ဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး ဘဏ္လာတော်ထိမ်းဂေါပကအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများတက်ရောက်၍ ကျိုက္ခမီမြို့ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ ကုန်းတော်ပေါ်ရှိ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။