သံဖြူဇရပ်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်စတင်လက်ခံရာ မွန်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်အားပေး
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့နံနက် ၇ နာရီအချိန်မှစတင်၍ ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်သန်းမှ တက်ရောက်အားပေးသည်။