မွန်ပြည်နယ်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၅) အစည်းအဝေးနှင့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေသို့တက်ရောက်

မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏  (၅/၂၀၂၅) အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အတွင်း ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်၍  စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး၊ ရေရှည်ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်ရေးတို့ကို အလေးထားဆောင်ရွက်ပေးကြစေလိုကြောင်း၊ ရင်းနှီးမြှုပ်နှံသူတွေ ကြုံတွေ့လာနိုင်သည့် အခက်အခဲများကို ဖြေရှင်းဆောင်ရွက်‌ပေးနိုင်ရေး၊ အမြန်ဆုံးဝန်ဆောင်မှုကောင်းများပေးနိုင်ရေးအတွက် ကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်းအားပေးကူညီဆောင်ရွက်ပေးကြရန် အမှာစကားပြောကြားသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း သူနာပြုသားဖွားဒီပလိုမာ အောင်လက်မှတ် အပ်နှင်းပွဲအခမ်းအနားသို့တက်ရောက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် သူနာပြုသားဖွားသင်တန်းကျောင်း (မော်လမြိုင်)၊ နဝမအကြိမ်မြောက် သူနာပြုနှင့်သားဖွားဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့၀င်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများနှင့် မိဘညီအစ်​မောင်နှမများတက်ရောက်ခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ၂၀၂၅  ခုနှစ် ဒီဇင်ဘာ (၂၈)ရက်တွင် ကျင်းပသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများအတွင်း မဲဆန္ဒရှင်ပေါင်း (၅၁၆၁၈)ဦးတို့မှ မဲရုံပေါင်း (၇၃)ရုံ၌ ယနေ့နံနက်(၆)နာရီမှစ၍ မဲရုံအသီးသီးတွင် အေးချမ်းစွာ ဆန္ဒမဲပေးခဲ့ကြသည်။ 

မော်လမြိုင်မြို့နယ်၌ မဲဆန္ဒရှင် ပြည်သူများ လွတ်လပ်စွာ ဆန္ဒမဲပေး

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို ယနေ့ နံနက်(၆)နာရီက စတင်ကျင်းပလျက်ရှိရာ မွန်ပြည်နယ်မော်လမြိုင်မြို့နယ်ရှိ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာစနစ်တကျဆန္ဒမဲပေးလျက်ရှိသည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ဆန္ဒမဲပေး

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ယနေ့နံနက် ၆ နာရီ မှစတင်ကာ နိုင်ငံတစ်ဝှမ်းနေရာဒေသအသီးသီးတွင် တစ်ပြိုင်တည်းကျင်းပလျက်ရှိရာ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများက စနစ်တကျဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း မဲဆန္ဒရှင် ပြည်သူများက ကိုယ်စားလှယ်လောင်းများအား လွတ်လပ်စွာ ဆန္ဒမဲပေး

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၂၀၂၅) ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အပိုင်း(၁)ကို ယနေ့ နံနက်(၆)နာရီမှစတင်ကာ နိုင်ငံတစ်ဝှမ်း နေရာဒေသအသီးသီးတွင် တစ်ပြိုင်တည်း ကျင်းပ လျက်ရှိရာ မွန်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ် အသီးသီး၌လည်း  မဲရုံအသီးသီးတွင် မဲဆန္ဒရှင် ပြည်သူများက လွတ်လပ်စွာ စနစ်တကျ ဆန္ဒမဲပေးလျက်ရှိကြသည်။

ကျိုက်ထိုမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများက ကိုယ်စားလှယ်လောင်းများအား ဆန္ဒမဲပေး

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ယနေ့ နံနက် (၆) နာရီမှ စတင်ကျင်းပလျက်ရှိရာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ မဲဆန္ဒနယ်အသီးသီး၌ မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများ စနစ်တကျဆန္ဒမဲပေးလျက်ရှိကြသည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မော်လမြိုင်မြို့နေ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေး

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆန္ဒမဲပေးခြင်းကို ယနေ့နံနက် (၆) နာရီ မဲရုံစတင်ဖွင့်လှစ်သည့် အချိန်တွင် မော်လမြိုင်မြို့ပေါ်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းအသီးသီး၌ ဖွင့်လှစ်ထားသောမဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများက ရပ်ကွက်အလိုက်ဆန္ဒမဲ လာရောက်မဲပေးကြကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်၌ အေးချမ်းစွာ ဆန္ဒမဲပေးသူများပြား

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မွန်ပြည်နယ်ချောင်းဆုံမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ အုပ်စုများအတွင်း မဲရုံများတွင် ယနေ့နံနက်ပိုင်းကစတင်ပြီး မဲဆန္ဒရှင်ပြည်သူအများအပြား ဆန္ဒမဲပေးလျက်ရှိကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင် (မွန်ပြည်နယ်တာဝန်ခံ) ချောင်းဆုံမြို့နယ်ရှိ မဲရုံများပြင်ဆင်ထားရှိမှုနှင့် မဲပေးစက်များ တပ်ဆင်ထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှု

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများ ပြင်ဆင်ထားရှိမှုအခြေအနေနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ တပ်ဆင်ထားရှိမှု အခြေအနေများကို ယနေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးကိုကိုလွင် (မွန်ပြည်နယ်တာဝန်ခံ) နှင့် တာဝန်ရှိသူများမှ မဲရုံများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
Subscribe to မွန်ပြည်နယ်