မော်လမြိုင်မြို့ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး၌ Solar System လှူဒါန်းပေးသော အလှူရှင်များအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ
မော်လမြိုင်မြို့ အမျိုးသမီးနှင့်ကလေးဆေးရုံကြီး၌ တက်ရောက် ကုသနေသော လူနာများ ဆေးကုသမှုခံယူရာတွင် အဆင်ပြေစေရန်အတွက် လူနာဆောင်များ၊ ခွဲစိတ်ခန်းများတွင် လိုအပ်သော လျှပ်စစ်ဓာတ်အား ရရှိနိုင်ရေးအတွက် ကျပ်သိန်း (၉၃၃၁၀၀၀၀) (ကိုးရာသုံးဆယ့် သုံးသိန်း တစ်သောင်းတိတိ) တန်ဖိုးရှိ Solar System အား လှူဒါန်းပေးပါသော အလှူရှင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အမျိုးသမီးနှင့်ကလေးဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။