မွန်ပြည်နယ်ဝန်ကြီးချုပ် ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကြည့်ရှုအားပေးခြင်း၊ အခြေခံစားသောက်ကုန်ပစ္စည်းများ ရောင်းချပေးနေမှု ကြည်ရှုအားပေးခြင်းနှင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်
မွန်ပြည်နယ်တွင် အများပြည်သူများ အသက်အရွယ်မရွေး အားကစားကိုလေ့လာလိုက်စား၍ အားကစားနည်းအလိုက် ဆောင်ရွက်နိုင်စေရေး၊ ဌာနဆိုင်ရာအသီးသီးတွင် လုပ်ငန်းတာဝန်များကို နေ့စဉ်ထမ်းဆောင်နေရသည့် လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုများ ကျန်းမာကြံ့ခိုင်မှုရှိစေရန် စိတ်ပျော်ရွှင်မှုရရှိစေရန်၊ မိတ်ဆွေသင်္ဂဟများ တိုးပွားလာစေရန်ရည်ရွယ်၍ ပြည်နယ်အဆင့်ဌာနဆိုင်ရာဘောလုံးအသင်းနှင့် မွန်အိုးစတား ဘောလုံးအသင်းတို့၏ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို မတ်လ ၄ ရက်နေ့ညနေပိုင်းက မော်လမြိုင်မြို့၊ ရာမညအားကစားကွင်း၌ ကျင်းပခဲ့သည်။