ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင် (မွန်ပြည်နယ်တာဝန်ခံ) ချောင်းဆုံမြို့နယ်၌ ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုများ ကွင်းဆင်းကြည့်ရှု
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွင်း တာဝန်ထမ်းဆောင်ကြမည့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဒီဇင်ဘာ ၂၄ ရက်မှ စတင်၍ ဆောင်ရွက်လျက်ရှိရာ မွန်းလွဲ(၁)နာရီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင် (မွန်ပြည်နယ်တာဝန်ခံ) နှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။