မွန်ပြည်နယ်

ပေါင်မြို့နယ်(အ.ထ.က)ထန်းပင်ချောင်ကြီးကျောင်း၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်(၁၀)နာရီက ပေါင်မြို့နယ် (အ.ထ.က)ထန်းပင်ချောင်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဝေါမြို့နယ်၊ ဆပ်သွား​ခြုံကျေးရွာ အ-ထ-ကကျောင်း(ခွဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဆပ်သွားခြုံကျောင်း၌ ကျင်းပသည်။

မော်လမြိုင်မြို့နယ် သမဝါယမအသင်းစုနှင့် ဝင်းဆောက်လုပ်ရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းတို့ အကျိုးတူပူးပေါင်း၍ အဆင့်မြင့်လူနေတိုက်ခန်းနှင့်ဆိုင်ခန်းများဆောက်လုပ်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် သမဝါယမအသင်းစုနှင့် ဝင်းဆောက်လုပ်ရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်တို့ အကျိုးတူပူးပေါင်း၍ အဆင့်မြင့်လူနေတိုက်ခန်းနှင့် ဆိုင်ခန်းများဆောက်လုပ်ခြင်းနှင့်စပ်လျဉ်း၍ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်စန်းနိုင်သည် အသင်းမှတာဝန်ရှိသူများနှင့် မွန်ပြည်နယ်သမဝါယမဦးစီးဌာနတွင် ယနေ့နံနက်ပိုင်းက ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူထားသည့် ဘဲမွေးမြူရေးခြံသို့ ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကွမ်တာကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မွေးမြူထားရှိသည့် တောင်သူ ဦးချစ်ဆန်း၏ ဘဲမွေးမြူရေးခြံသို့ ယနေ့ နံနက် ၁၀ နာရီက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

ကျိုက်မရောမြို့နယ်၌ ဆီထွက်သီးနှံနေကြာ(၁၀၅၃)ဧက အောင်မြင်ဖြစ်ထွန်း

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများ စုပေါင်းစိုက်ပျိုးထားသည့် ဆီထွက်သီးနှံနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

သထုံမြို့၊ မော်ကျော့ အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် လိုက်လံဖွင့်လှစ်ပေး

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ယနေ့နံနက်ပိုင်းက သထုံမြို့၊ သိမ်ကုန်းရပ်ကွက်ရှိ မော်ကျော့အခြေခံပညာမူလတန်း‌ကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

သထုံမြို့နယ်၊ မရမ်းကုန်းကျေးရွာ၌ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် လူနေအိမ်တစ်လုံး မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွား

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မရမ်းကုန်းကျေးရွာတွင် ယမန်နေ့ ည ၈ နာရီကျော်အချိန်ခန့်က ထင်းမီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် လူနေအိမ်တစ်လုံး မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒုတိယသီးနှံနွေစပါး (အောင်နိုင်တိုး) အား လက်ဆွဲကောက်စိုက်စက်နှင့် ကူဘူတာကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒုတိယသီးနှံနွေစပါး (အောင်နိုင်တိုး) အား လက်ဆွဲကောက်စိုက်စက်နှင့် ကူဘူတာကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ရင်းငြိမ်မြောက်ကျေးရွာ တောင်သူတစ်ဦး၏ လယ်မြေ၌ ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း မွန်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၁/၂ဝ၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မွန်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၁/၂ဝ၂၅)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး အထူးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျိုက်ထီးရိုးစေတီ‌တာ်မြတ်ကြီးအပါအဝင် တန်ခိုးကြီးစေတီပုထိုးများ၊ သာသနိကအဆောက်အဦများ ခရီးသွားဒေသများတွင် ခရီးသွားဧည့်သည်များ ဝင်ရောက်လာနေသည်ဖြစ်သည့်အတွက် ဘေးကင်းလုံခြုံမှု၊ ဒေသထွက်အစားအစာများ အရည်အသွေးကောင်းမွန်စွာ ထုတ်လုပ်ရောင်းချမှုနှင့် ခရီးစဉ်ဒေသများတွင် လမ်းညွှန်အမှတ်အသားများထားရှိစေရေး ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတက်အောင် ဆောင်ရွက်ပေးကြရန်နှင့် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အလုပ်အကိုင်အခွင့်အလမ်းနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး ဝိုင်းဝန်းဖန်တီးပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။
Subscribe to မွန်ပြည်နယ်