မုဒုံမြို့၌ ဆောင်းသီးနှံ (နေကြာ)စီမံကိန်းပြည့်မီစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကွင်းသရုပ်ပြပွဲပြုလုပ်
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ဆောင်းသီးနှံ(နေကြာ) စီမံကိန်းပြည့်မီစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအဖွဲ့မှ တောင်သူများနှင့် ကွင်းဆင်းကြည့်ရှုဆောင်ရွက်ခြင်း၊ ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက ကျောက်တလုံးကျေးရွာ ကွင်းအမှတ်(၈၂၈)ရှိ ဘုရားကျောင်းကွင်း၌ ပြုလုပ်ကြောင်း သိရသည်။