မွန်ပြည်နယ်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အသက်(၂၁)နှစ်အောက် မွန်ပြည်နယ်အမျိုးသားဘောလုံးအသင်းနှင့် ကရင်ပြည်နယ် အမျိူးသားဘောလုံအသင်းတို့၏ ချစ်ကြည်ရေးဘောလုံးယှဉ်ပြိုင်ပွဲ ကြည့်ရှုအားပေး

မွန်ပြည်နယ်တွင် အများပြည်သူများ အသက်အရွယ်မရွေးအားကစားကို လေ့လာလိုက်စား၍ အားကစားနည်းအလိုက် ဆောင်ရွက်နိုင်စေရေးနှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အသက်(၂၁)နှစ်အောက် မွန်ပြည်နယ်အမျိုးသား ဘောလုံးအသင်းနှင့် ကရင်ပြည်နယ် အမျိူးသားဘောလုံအသင်းတို့၏ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို နိုဝင်ဘာ ၁၇ ရက်နေ့၊ ညနေပိုင်းက မော်လမြိုင်မြို့၊ ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးသည်။

ပေါင်မြို့နယ် ပညာရေးမိသားစု (သတ္တမ)အကြိမ်မြောက် ဓမ္မစကြာနှင့် ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ပညာရေးမိသားစု (သတ္တမ) အကြိမ်မြောက် ဓမ္မစကြာနှင့် ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲ ဒုတိယနေ့ပြိုင်ပွဲကို ယနေ့နံနက် (၈) နာရီက မုကျိကျေးရွာ မဟာဗောဓိ‌စေတီတော်မြတ်၊ သာသနာ့ဗိမာန်တော်ကြီး၌ ပြုလုပ်ခဲ့သည်။

ကျိုက်မရောမြို့နယ်၌ ဒေသခံပြည်သူများအား စားအုန်းဆီများ စျေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချပေး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ဒေသခံပြည်သူများအား သက်သာချောင်ချိရေးအတွက် အခြေခံစားအုန်းဆီများအား စျေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချပေးခြင်းကို ယမန်နေ့နံနက်က မြို့မစျေးကြီး၌ ဖြန့်ဖြူးပေးလျက်ရှိသည်။

ဘီးလင်းမြို့နယ်၌ ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ် ပင့်ဆောင်ပူဇော်ခြင်းနှင့် နိဗ္ဗာန်စျေးပွဲတော် စည်ကားစွာကျင်းပ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက် (၇) တွင် နှစ်စဥ်ကျင်းပပြုလုပ်သော ရှင်ဥပဂုတ္ထရဟန္တာမထေရ်မြတ်အား ပင့်ဆောင်ပူဇော်ခြင်းနှင့် နိဗ္ဗာန်စျေးပွဲတော်ကို ယနေ့ ညနေပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

မော်လမြိုင်မြို့၊ တပ်မ​တော်အခြေခံပညာအထက်တန်းကျောင်း (ရွှေနတ်တောင်)၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား‌၊ ကျောင်းသူများ အသိပညာဗဟုသုတမြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယနေ့ နံနက်ပိုင်းက တပ်မတော်အခြေခံပညာအထက်တန်းကျောင်း (ရွှေနတ်တောင်)၌ ကျင်းပပြုလုပ်ခဲ့သည်။

သံဖြူဇရပ်မြို့နယ်အတွင်းရှိ စက်သုံးဆီအ​ရောင်းဆိုင်များ မီး​ဘေးအန္တရာယ်ကင်းရှင်းရေးကြိုတင်ကာကွယ်နိုင်ရန်​ ဟော​ပြောခြင်း​ဆောင်ရွက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ စက်သုံးဆီအ​ရောင်းဆိုင်များ မီးဘေးအန္တရာယ်ကင်းရှင်း​ရေးအတွက်​ ဆောင်ရွက်ထားရှိမှုများ အသိပညာ​ပေး​ဟောပြောခြင်းကို နိုဝင်ဘာ ၁၈ ရက်နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန(ဘုရင့်​နောင်)ခန်းမ၌ ကျင်းပပြုလုပ်သည်။

ကျိုက်ထိုမြို့နယ်တွင် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက ကျိုက်ထိုမြို့၊ ကော့စံနိုင်ရပ်ကွက်ရှိ အ.မ.က(အေးရိပ်ငြိမ်အရှေ့-၁)ကျောင်း၌ အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြ‌သည်။

မုဒုံမြို့၌ အစားအသောက်ဆေးဝါးနှင့် အလှကုန်ပစ္စည်းများအား စျေးကွက်ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် စျေးကွက်အတွင်းဖြန့်ဖြူးရောင်းချနေသည့် အစားအသောက်ဆေးဝါးနှင့် အလှကုန်ပစ္စည်းများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့မစျေး၌ဆောင်ရွက်သည်။

ကျိုက်ထိုမြို့နယ်တွင် ရာဘာမှိုင်းခံရုံ မီးလောင်မှုဖြစ်ပွား

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘိုက္ကားကျေးရွာ၊ ရန်ကုန် - မော်လမြိုင် ကားလမ်း၏ဝဲဘက်ရှိ ဦးတင့်လွင်(စိစစ်ဆဲ)ပိုင် ရာဘာခြံအတွင်း၌ ဦးမြင့်ကျော် (မှိုင်းခံရုံတာဝန်ခံ)မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသော ရာဘာခြံအတွင်း ရာဘာမှိုင်းခံရုံတွင်း ယနေ့နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ပေါင်မြို့နယ်ပညာရေးမိသားစု(သတ္တမ)အကြိမ်မြောက် ဓမ္မစကြာနှင့်ပဌာန်းဒေသနာတော်ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ပညာရေးမိသားစု (သတ္တမ)အကြိမ်မြောက်  ဓမ္မစကြာနှင့်ပဌာန်းဒေသနာတော်ရွတ်ဖတ်ပူဇော်ပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီက မုကျိကျေးရွာ ‌မဟာဗောဓိ‌စေတီတော်မြတ်၊ သာသနာ့ဗိမာန်တော်ကြီး၌ ပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်