ပေါင်မြို့နယ်အတွင်းရှိ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) တက်ရောက်ပြီး ပြန်လည်ရောက်ရှိလာသူ နိုင်ငံ့သားကောင်းရတနာများအားဂုဏ်ပြု
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ မိမိဆန္ဒအလျောက် စိတ်အားထက်သန်စွာ ပါဝင်စာရင်းပေးခဲ့သော ပြည်သူ့စစ်မှုထမ်းများကို သင်တန်းအမှတ်စဉ်များအလိုက် တပ်ရင်း/တပ်ဖွဲ့အသီးသီး၌ တာဝန်ထမ်းဆောင်ခဲ့ကြရာ ပြည်သူစစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁) မှ ပြည်သူ့စစ်မှုထမ်းများ မိမိနေရပ်သို့ ပြန်လည်ရောက်ရှိလာသူ နိုင်ငံ့သားကောင်းရတနာများအားဂုဏ်ပြုသည့် အခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။