မွန်ပြည်နယ်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း သထုံမြို့နယ် ဗဟိုမဏ္ဍပ်တွင် မြန်မာရိုးရာမဟာသင်္ကြန်ပွဲတော် သင်္ကြန်အတက်နေ့ အေးချမ်းပျော်ရွှင်စွာနှင့် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပနေမှု ကြည့်ရှုအားပေး

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မွန်ပြည်နယ် မြန်မာရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြို့နယ်အသီးသီးတွင် သင်္ကြန်အကြတ်နေ့ကို အေးချမ်းပျော်ရွှင်စွာနှင့် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများသည် ယမန်နေ့ညနေပိုင်းက မော်လမြိုင်မြို့ မွန်ပြည်နယ် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် ပျော်ရွှင်စွာရေကစားခြင်း၊ သင်္ကြန်ယိမ်းအဖွဲ့များနှင့် တေးသံရှင်များမှ တေးသီချင်းများဖြင့် သီဆိုကပြယှဥ်ပြိုင်နေမှုအပေါ် ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ကြသည်။

ချောင်းဆုံမြို့နယ် သင်္ကြန်အတက်နေ့တွင် တောင်ပေါ်ကြီးဧည့်သည်ခေါ် ဘုရားပွဲတော် လည်ပတ်သူများဖြင့် စည်ကား

မွန်ပြည်နယ် (ဘီလူးကျွန်း) ချောင်းဆုံမြို့နယ်၌ သင်္ကြန်အတက်နေ့တွင် တောင်ပေါ်ကြီးဧည့်သည်ခေါ်ဘုရားပွဲတော်၌ လည်ပတ်သူများ၊ ရေကစားကြသူများဖြင့် စည်ကားလျက်ရှိသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း မဟာသင်္ကြန်အကြတ်နေ့တွင် မုဒုံမြို့နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက်မဟာသင်္ကြန်ပွဲတော်အား အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့်ဇနီး ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မဟာသင်္ကြန်အကြတ်နေ့ ယနေ့နံနက်ပိုင်းတွင် မုဒုံမြို့နယ်  မြို့မ(၁)ရပ်ကွက်ရှိ လမ်းလျှောက်မဟာသင်္ကြန်ပွဲ‌တော်အား အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့သည်။

စက်စဲကမ်းခြေ၌ မဟာသင်္ကြန်အကြတ်နေ့တွင် ခရီးသွားဧည့်သည်များဖြင့် စည်ကား

မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အ​ကြတ်နေ့ဖြစ်သည့် ယနေ့တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊  စက်စဲကမ်းခြေတွင် အပန်းဖြေရေကစားသူများဖြင့် စည်ကားလျက်ရှိသည်။

ပေါင်မြို့နယ်၌ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်တွင် သတိပဌာန်းအလုပ်ပေးနှင့် ဝိပဿနာတရားရှုမှတ်နိုင်ရန် တရားစခန်းများ ဖွင့်လှစ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်တွင် အေးမြသာကြည်မဟာစည်ကျောင်းနှင့် ရိပ်သာများ၌ သတိပဌာန်းအလုပ်ပေးနှင့် ဝိပဿနာ တရားရှုမှတ်နိုင်ရန် တရားစခန်းများ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်၌ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်တွင် ဝိပဿနာတရားရှုမှတ်နိုင်ရန် တရားစခန်းများ ဖွင့်လှစ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်တွင် မြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ရိပ်သာများ၌ ဝိပဿနာတရားရှုမှတ်နိုင်ရန် တရားစခန်းများဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း မွန်ပြည်နယ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် အကျနေ့ကို အေးချမ်းပျော်ရွှင်စွာနှင့် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပနေမှု ကြည့်ရှုအားပေး

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မွန်ပြည်နယ် မြန်မာရိုးရာမဟာသင်္ကြန်ပွဲတော် သင်္ကြန်အကျနေ့တွင် မြို့နယ်အသီးသီးရှိ အေးချမ်းပျော်ရွှင်စွာနှင့် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဗဟိုမဏ္ဍပ်တွင် အေးချမ်းပျော်ရွှင်စွာ ရေကစားခြင်း၊ သင်္ကြန်ယိမ်းအဖွဲ့များနှင့် တေးသံရှင်များမှ တေးသီချင်းများဖြင့် သီဆိုကပြ‌ယှဥ်ပြိုင်‌နေမှုအပေါ် ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။

မုဒုံမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန် ဗဟိုမဏ္ဍပ် လမ်းလျှောက်သင်္ကြန်ပွဲတော်ဖွင့်ပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ် ၂၀၂၆ ခုနှစ်၊  မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန် လမ်းလျှောက်ရေသဘင်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ဗိုလ်ချုပ်လမ်းပေါ်ရှိ မြို့တွင်း၌ကျင်းပသည်။

သထုံမြို့၌ နှစ်သစ်ကူးအကြို ရိုးရာသင်္ကြန်ထမင်းစတုဒီသာ စုပေါင်းကျွေးမွေးလှူဒါန်း

မွန်ပြည်နယ်၊ သထုံမြို့ ရွှေစာရံစေတီတော်မြတ်ကြီးဓာတ်တော်ဆေးကန်တော်မင်္ဂလာ ပြုပြင်တည်ဆောက်ရေးကော်မတီနှင့် အလှူရှင်များပူးပေါင်း၍ ယနေ့နံနက်ပိုင်းက စေတီတော်မြတ်ကြီး မြောက်ဘက်မုခ်အနီးရှိ ဘုရားလမ်းမပေါ်၌ မြန်မာ့ရိုးရာအတာသင်္ကြန် နှစ်သစ်ကူးအကြိုအဖြစ် ရိုးရာသင်္ကြန်ထမင်း စတုဒိသာကျွေးမွေးလှူဒါန်းခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ်၊ အသက် (၁၉) နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဆုပေးပွဲကျင်းပ

မွန်ပြည်နယ်တွင် အားကစားကဏ္ဍ တိုးတက်အောင်မြင်မှုရှိ​စေ​​ရေးနှင့် ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ် အားကစားသမားများကို ​ပြုစုပျိုး​ထောင်​​မွေးထုတ်​ပေးနိုင်​ရေးအတွက် ၂၀၂၆ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ်၊ အသက် (၁၉) နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို  ဧပြီ ၁၁ ရက်​ ည​နေပိုင်းက၊ ​မော်လမြိုင်မြို့၊ ရာမည အားကစားကွင်း၌ ကျင်းပသည်။
Subscribe to မွန်ပြည်နယ်