မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်၊ ကမာမိုကျေးရွာ ပဓာနနာယကဆရာတော် ဘဒ္ဒန္တဥာဏမဟာထေရ်၏ ဝိဇာတမွေးနေ့မင်္ဂလာပူဇော်ပွဲအခမ်းအနားတက်ရောက်
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကမာမိုကျေးရွာ ကျောင်းကြီးကျောင်း ပဓာနနာယကဆရာတော် ဘဒ္ဒန္တဥာဏမဟာထေရ်၏ သက်တော် (၇၁)နှစ် ဝါတော် (၅၁)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျောင်းတိုက်၌ကျင်းပပြုလုပ်ရာ ရှေးဦးစွာ သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ ၃ ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး မော်လမြိုင်မြို့ မြစေတီပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် (အဘိဓဇမဟာရဌဂုရု) ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြကာ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္စျာယ်ချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။