သထုံမြို့ သမိုင်းဝင်လာဝစေတီတော်မြတ်ကြီးအား ကြာသင်္ကန်းဆက်ကပ်ပူဇော်ပွဲ ကျင်းပ
မွန်ပြည်နယ်၊ သထုံမြို့၊ မြသပိတ်တောင်တန်းပေါ်ရှိ လာဝစေတီ(ခေါ်)ဇိနမာန်အောင် ပြည်လုံးချမ်းသာ မဟာစက္ကဝရဇိန်ဘုရားကြီးအား ယမန်နေ့ နံနက်က သံဃာတော်များဦးဆောင်၍ လိပ်အင်းရပ်ကွက်ရှိ ပဉ္စဂီရိချမ်းမြေ့စည် လောကီလောကုတ္တရာ ပညာသင်ကြားရေး သီလရှင်ကျောင်းမှ သီလရှင်ဆရာကြီး၊ ဆရာလေးများ၊ အလှူရှင်များက ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ခြင်းနှင့် ကြာသင်္ကန်းတော်ဆက်ကပ်ပူဇော်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။