မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့၌ (၁၉၁)ကြိမ်မြောက် မြို့လုံးကျွတ်ဆွမ်းဆန်တော်လောင်းလှူ
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးတွင် စာသင်၊ စာချ သီတင်းသုံးနေထိုင်တော်မူသော ဆရာတော်၊ သံဃာတော်၊ သာမဏေနှင့် သီလရှင်များ ဆွမ်းကိစ္စ ခက်ခဲပင်ပန်းမှုမရှိစေရေးနှင့် ပစ္စည်းလေးပါးအဆင်ပြေစေရေး၊ ထေရဝါဒဗုဒ္ဓသာသနာတော်ကို အထောက်အပံ့ဖြစ်စေရေးအတွက် မော်လမြိုင်မြို့ လုံးကျွတ်ဆွမ်းဆန်တော်လောင်းလှူပွဲကို နှစ်စဉ်ကျင်းပလာခဲ့ရာ ယခုအခါ(၁၉၁)ကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။