ချောင်းဆုံမြို့နယ်၌ အလွတ်တန်းဖိတ်ခေါ်ဖလားဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မွန်ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုအရ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော အလွတ်တန်း ဖိတ်ခေါ်ဖလား အမျိုးသားဘောလုံးပြိုင်ပွဲ အောက်တိုဘာ (၁)ရက်နေ့က မြို့နယ်မီတာ (၄၀၀)အားကစားကွင်း၌ စတင်ကျင်းပလျက်ရှိရာ အောက်တိုဘာ(၉)ရက်နေ့ ညနေပိုင်းက ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြသည်။