မွန်ပြည်နယ်

တပေါင်းလပြည့်နေ့တွင် ပေါင်မြို့နယ်ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ ဘုရားဖူးလာ  ပြည်သူများဖြင့် စည်ကား

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ ကောဇာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့၌ ရပ်ဝေးရပ်နီးမှ ဘုရားဖူးဧည့်သည်များဖြင့် စည်ကားလျက်ရှိသည်။

သထုံရွှေစာရံစေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်းအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့၏ ကျက်သရေဆောင် လေးဆူဓာတ်စံရွှေစာရံစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ်အဖြစ် (၂၅)ကြိမ်မြောက် ဗုဒ္ဓါဘိသေကအနေကဇာတင်ပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်းအခမ်းအနားကို ယနေ့ နံနက်က ရွှေစာရံစေတီတော် ပုရဝုဏ်ရှိ သု၀ဏ္ဏဘူမိသာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။

သထုံမြို့နယ်၌ (၇၇) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနား ပြည်နယ်အဆင့် စည်ကားသိုက်မြိုက်စွာကျင်းပ

မွန်ပြည်နယ်အဆင့် (၇၇) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားကို မတ်လ ၂ ရက်၊ တပေါင်းလပြည့်နေ့ နံနက်က သထုံမြို့နယ်၊ နောင်ကုလားကျေးရွာရှိ ပအိုဝ်းအမျိုးသား ဗိမာန်တော်၌ ပြည်နယ်ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ဦးဆောင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

ချောင်းဆုံမြို့နယ် အစိုးရပါဠိပထမပြန် စူဠဆုနှင်းသဘင်နှင့် အဘိဓမ္မာဝိသုဒ္ဓိမဂ်၊ ယဉ်ကျေးမှုစာအောင်ဆုနှင်းသဘင် အခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ပရိယတ္တိစာပေများ ထူးချွန်သူရဟန်းရှင်လူများ ပေါ်ထွန်းလာစေရန်အတွက် မြို့နယ်သံဃာ့နာယကအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျင်းပသည့် အစိုးရပါဠိပထမပြန်၊ အဘိဓမ္မာဝိသုဒ္ဓိမဂ်နှင့် ယဉ်ကျေးမှု စာမေးပွဲစာအောင် ဆုနှင်းသဘင်အခမ်း အနားကို  ဖေဖော်ဝါရီ (၃)ရက် နံနက်ပိုင်းက ချောင်းဆုံအနောက်ရပ်ကွက်ရှိ မင်းကျောင်းသာသနာ့ ဗိမာန်တော်၌ ကျင်းပသည်။

မွန်ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်း (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စိန်ရတုခန်းမ၌ ကျင်းပပြုလုပ်သည်။

သထုံမြို့နယ်၌ (၇၇)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အထိမ်းအမှတ် ပအိုဝ်းယဉ်ကျေးမှု အကပြိုင်ပွဲနှင့် Miss Pa-O Thuwanakham 2026 ယဉ်ကျေးမှုအလှမယ်ရွေးချယ်ပွဲ ကျင်းပ

မွန်ပြည်နယ်အဆင့် (၇၇)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ပအိုဝ်းယဉ်ကျေးမှု အကပြိုင်ပွဲနှင့် Miss Pa-O Thuwanakham 2026 ယဉ်ကျေးမှုအလှမယ်ရွေးချယ်ပွဲတို့ကို ယနေ့နံနက်က သထုံမြို့နယ်၊ နောင်ကုလားကျေးရွာရှိ ပအိုဝ်းအမျိုးသား ဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။

မော်လမြိုင်မြို့တွင် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြသခြင်း ဆောင်ရွက်

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြသခြင်းကို အမှတ်(၁)ဈေးနှင့် အမှတ်(၂) မြိုင်ရတနာလေးထပ်ဈေးတို့တွင် ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ(ဖလား) ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ကျင်းပ

၂၀၂၆ ခုနှစ် မတ်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် (၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ(ဖလား) ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၃)နာရီက ကျိုက်မရောမြို့နယ် မြို့မအားကစားကွင်း၌ ကျင်းပခဲ့သည်။

မော်လမြိုင်မြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေးဆုံးရှုံးမှုမရှိစေရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မော်လမြိုင်မြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေးဆုံးရှုံးမှုမရှိစေရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း ဦးသာညှင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

သထုံမြို့ သမိုင်းဝင်လာဝစေတီတော်မြတ်ကြီးအား ကြာသင်္ကန်းဆက်ကပ်ပူဇော်ပွဲ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့၊ မြသပိတ်တောင်တန်းပေါ်ရှိ လာဝစေတီ‌(ခေါ်)ဇိနမာန်အောင် ပြည်လုံးချမ်းသာ မဟာစက္ကဝရဇိန်ဘုရားကြီးအား ယမန်နေ့ နံနက်က သံဃာတော်များဦးဆောင်၍ လိပ်အင်းရပ်ကွက်ရှိ ပဉ္စဂီရိချမ်းမြေ့စည် လောကီလောကုတ္တရာ ပညာသင်ကြားရေး သီလရှင်ကျောင်းမှ သီလရှင်ဆရာကြီး၊ ဆရာလေးများ၊ အလှူရှင်များက ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ခြင်းနှင့် ကြာသင်္ကန်းတော်ဆက်ကပ်ပူဇော်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။
Subscribe to မွန်ပြည်နယ်