မွန်ပြည်နယ်

ကျိုက်မရောမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေး

ကျိုက်မရောမြို့နယ်၌ ဒေသခံပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက ရှင်စောပုရပ်ကွက် အထရံခန်းမ၌ ပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု(မြို့နယ်အဆင့်)အထိမ်းအမှတ်အခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်ကုသ‌ရေးနှင့်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနနှင့် အ‌‌ခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု(မြို့နယ်အဆင့်)အထိမ်းအမှတ်အခမ်းအနားကို ဩဂုတ် ၂၃ ရက် နံနက် ၁၀ နာရီတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့ အ.ထ.က (၁)ကျောင်းတွင် ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဆင်းပွဲ ကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင်ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းရှိ ရှင်အရဟံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သံဖြူဇရပ်မြို့နယ်၌ နယ်​မြေတည်ငြိမ်​အေးချမ်း​ရေးနှင့် ​ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းကွင်းဆင်း​ဆောင်ရွက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် သြဂုတ် ၂၄ ရက် မွန်းလွဲပိုင်းက ကျိုက္ခမီမြို့၊ နှစ်ကိုင်းကျေးရွာ၊ ရွာလယ်ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ဖြူဇရပ်မြို့နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ (ဥက္ကဋ္ဌ)နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဆည်မြောင်းဦးစီးမှူးနှင့် ကျိုက္ခမီမြို့လျှပ်စစ်ဌာနမှတာဝန်ခံများ၊ နှစ်ကိုင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနေပြည်သူများတက်ရောက်ခဲ့ကြသည်။

ရေးမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြုနည်း အသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆန္ဒမဲပေးရာတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်းအစမ်းလေ့ကျင့်မှုကို ဩဂုတ် ၂၄ ရက်နေ့နံနက်ပိုင်းက မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရန်ကြီးအောင်ရပ်ကွက်ရုံး၌ ဆောင်ရွက်သည်။

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးနှင့်‌လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်း ရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းကို ဩဂုတ်လ ၂၂ ရက်နေ့ နံနက်(၉)နာရီအချိန်ခန့်က နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(သထုံ)၌ ကျင်းပပြုလုပ်ခဲ့သည်။

သထုံမြို့နယ် ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်၏ ၂၀၂၅ ခုနှစ်၊ မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဩဂုတ် ၂၂ ရက် မွန်းလွဲပိုင်းက သထုံမြို့၊ နန်းခဲရပ်ကွက်ရှိ ခရိုင်အားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

မော်လမြိုင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များအကြား မျှဝေခြင်းနှင့် ဆွေးနွေးဖလှယ်ခြင်းစွမ်းရည်များ တိုးတက်လာစေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာစေရန်နှင့် လူငယ်များ ဉာဏစွမ်းရည်မြင့်မားတိုးတက်လာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း”ကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကြည့်ရှုအားပေး

မွန်ပြည်နယ်အတွင်း မြို့နယ်များအားလုံးတွင် သန့်ရှင်း၍ သာယာလှပြီး မြို့အင်္ဂါရပ်များနှင့်ကိုက်ညီစေရေးအလေးထား ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက လေယာဉ်ကွင်းရှေ့၊ မော်လမြိုင်တက္ကသိုလ်ပတ်လမ်းတွင်သစ်ပင်ခြုံနွယ်ပိတ်ပေါင်းများကို ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များကောက်ယူရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်းများကို ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ရပ်ကွက်နေပြည်သူများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။

မွန်ပြည်နယ်တရားလွှတ်တော်တွင် (၂၉) ကြိမ်မြောက်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ၂ဝ၂၅ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၏ (၂၉) ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းသည့်အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မွန်ပြည် နယ် တရားလွှတ်တော်အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်