မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ(မော်လမြိုင်)သို့ နည်းပညာတက္ကသိုလ်(မော်လမြိုင်) အီလက်ထရောနစ်အင်ဂျင်နီယာဌာနမှ ကျောင်းသား/ သူများ လာရောက်ကွင်းဆင်းလေ့လာ
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန နည်းပညာတက္ကသိုလ်(မော်လမြိုင်) အီလက်ထရောနစ် အင်ဂျင်နီယာဌာနမှ ကြီးကြပ်သူဆရာမ (၂)ဦး၊ ကျောင်းသား/သူ (၂၀)ဦးတို့က အောက်တိုဘာ ၁၄ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်မော်လမြိုင်မြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ၏ ရုပ်သံဖမ်းယူထုတ်လွှင့်မှု လုပ်ငန်းအဆင့်ဆင့်အား လာရောက်ကွင်းဆင်း လေ့လာခဲ့ကြသည်။