ကျိုက်ထိုမြို့နယ်တွင်အဘိဓမ္မာအခါတော်နေ့တန်ခိုးကြီးဘုရားများနှင့်ဘုန်းတော်ကြီးကျောင်းများ၌ကုသိုလ်ဒါနပြုလုပ်သူများဖြင့်စည်ကားလျက်ရှိ
မွန်ပြည်နယ် ကျိုက်ထိုခရိုင် ကျိုက်ထိုမြို့နယ်တွင်အဘိဓမ္မာအခါတော်နေ့ဖြစ်သော အောက်တိုဘာ ၆ ရက် ဝါကျွတ်လပြည့်နေ့တွင်ရပ်ဝေးရပ်နီးမှပြည်သူအများသည် ဥပုသ်သီလ ဆောက်တည်ခြင်းတန်ခိုးကြီးဘုရားများအား သွားရောက်ဖူးမြော်ခြင်းမိဘဆရာများအား မိသားစုအလိုက်တပျော်တပါးသွားရောက်ဂါရဝပြုကန်တော့၍အလှူဒါနများအားပြုလုပ်လျက်ရှိသည်။