ဘူးသီးတောင်မြို့နယ်၌ ပြည်သူများသို့ စားသုံးဆီ တစ်ပိဿာလျှင် (၄၉၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိ
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအသင်းမှ စားသုံးသူပြည်သူများသို့ ယနေ့ နံနက် ၁၀ နာရီ အချိန်က ရွာမကျေးရွာ နေပြည်သူများသို့ စားသုံးဆီများ ရောင်းချပေးခဲ့ရာ ဌာနဆိုင်ရာတာဝန်ရှိသူများကလိုအပ် သည်များကိုပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။