ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာ၌ မိုးစပါး(၀.၁၀)ဧက စံကွက်ရိတ်သိမ်းပွဲကျင်းပ
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၌ မိုးစပါး(၁)ဧက အထွက်နှုန်း ပိုမိုထွက်ရှိနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မိုးစပါး(၀.၁၀) ဧက စံကွက်ရိတ်သိမ်းပွဲကို အပေါက်ဝကျေးရွာအုပ်စု၊ အပေါက်ဝကျေးရွာ၊ ကွင်းအမှတ်(၇၁၁ B)၊ ဦးပိုင်(၅၈)တောင်သူ ဦးမောင်နီ၏ လယ်မြေတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။