အမ်းမြို့၌ နိုင်ငံသားတစ်ဦးခြင်း၏ အချက်အလက်(Bio grap hic)နှင့် ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူ ခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် တွင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးမှူး ဦးဇော်ဇော်ထွဋ်နှင့် မြို့နယ်ဦးစီးမှူးဦးကျော်မင်းထွန်းတို့ကြီးကြပ်မှုဖြင့် မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အမ်းတပ်နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့မှ မိသားစုဝင်များ အား နိုင်ငံသားတစ်ဦးခြင်း၏ အချက်အလက် (Bio graphic)နှင့် ဇီဝဆိုင်ရာအချက် အလက် (Biometric)ကောက်ယူခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းတွင် အသက် (၁၀)နှစ်အထက် နိုင်ငံသားကတ်ပြားရှိသူများအား ကောက်ယူလျက်ရှိသည်။