ဂွမြို့နယ်တွင် နယ်လှည့်ဈေးရောင်းပွဲတော် ကျင်းပ
နိုင်ငံတစ်ဝန်း ဝါလကင်းလွတ် သီတင်းကျွတ်ပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး သီတင်းကျွတ် ဈေးရောင်းပွဲတော်များကိုလည်း ကျင်းပလျက်ရှိရာ ဂွမြို့နယ်တွင်လည်း သီတင်းကျွတ်နယ်လှည့်ဈေးရောင်းပွဲတော်ကို အောက်တိုဘာလ (၂၇) ရက်မှ နိုဝင်ဘာလ (၁)ရက်အထိ မြို့နယ်စည်ပင်သာယာပန်းခြံအတွင်း၌ စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။