ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အမ်းမြို့ရှိ ပြည်သူများသို့ ရောင်းချပေး
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စတုတ္ထနေ့အဖြစ် ယနေ့ နံနက် ၈ နာရီအချိန်က အမ်းမြောက်အုပ်စု ဒိုင်ကြီးကျေးရွာ နေပြည်သူများသို့ စားသုံးဆီများရောင်း ချပေးခဲ့သည်။