အမ်းမြို့၌ အသက်(၈၅)နှစ်နှင့်အထက်ဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်ရပ်ကွက် ကျေးရွာအုပ်စုများ၌ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများသို့ လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ရပ်ကွက် ကျေးရွာအုပ်စုအလိုက်ကျေး ရွာ တာဝန်ရှိသူများက ယမန်နေ့နံနက်ကစပြီး အိမ်တိုင်ရာရောက်သွားရောက် ပေးအပ်လျက်ရှိသည်။