ရခိုင်ပြည်နယ် မောင်တောမြို့နယ် မင်္ဂလာကြီးကျေးရွာအတွင်း မြေပြင်တစ်အိမ်တက်ဆင်း စမ်းသပ်သန်းခေါင်းစာရင်း ကောက်ယူလျက်ရှိရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေး
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြေပြင်တစ်အိမ်တက်ဆင်း စမ်းသပ်သန်းခေါင်းစာရင်း ဆက်လက်ကောက်ယူခြင်းကို ယမန်နေ့နံနက်ပိုင်းက မင်္ဂလာကြီးကျေးရွာအတွင်း စာရင်းကောက်အဖွဲ့မှ အဖွဲ့များခွဲ၍ စမ်းသပ်သန်းခေါင်းစာရင်း ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။