မြေပုံမြို့၌ ရပ်ကွက်နေပြည်သူများသို့ စားသုံးဆီ(၁)ပိဿာလျှင်(၄၈၀၀)ကျပ်နှုန်းဖြင့် လက်လီ ရောင်းချပေးလျက်ရှိ
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးသူ(ပြည်သူ)များသို့ ယမန်နေ့နံနက်(၈) နာရီအချိန်က အလယ်ပိုင်းရပ်ကွက်ရှိ ပြည်သူများသို့ စားသုံးဆီများ လက်လီရောင်း ချပေးလျက်ရှိသည်။