ရမ်းဗြဲမြို့၌ ကျောင်းကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးရေး သီတင်းပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ကျောင်းကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးရေး သီတင်းပတ်လှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့နေ့လယ် (၂) နာရီအချိန်က အမှတ်(၂)ရပ်ကွက် အ.မ.က ရွှေတုံးကျောင်း၌ ပြုလုပ်ခဲ့သည်။