ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့နယ် မှန်စီကျေးရွာရှိ စီမံခန့်ခွဲမှုအဖွဲ့ရုံး အန္တရာယ်ကင်းပရိတ်တရားရွတ်ဖတ်ပူဇော်ပွဲ၊ ကိုးရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသော ဆန်ရိက္ခာများထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားတက်ရောက်
စစ်တွေမြို့နယ် မှန်စီကျေးရွာရှိ စီမံခန့်ခွဲမှုအဖွဲ့ရုံး အန္တရာယ်ကင်းပရိတ်တရား ရွတ်ဖတ် ပူဇော်ပွဲ၊ မှန်စီကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများနှင့် IDP စခန်းများမှ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် ရန်ကုန်တိုင်းဒေသကြီးမှ လွှဲပြောင်းပေးပို့လာသည့် ပြစ်ဒဏ်မှ လွတ်မြောက်လာသူများအား APTERR အစီအစဉ်ဖြင့် ကိုးရီးယားသမ္မတနိုင်ငံက လှူဒါန်းသော ဆန်ရိက္ခာများထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါရုံး၌ကျင်းပရာ သံဃာတော်အရှင်သူမြတ်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြစ်ဒဏ်မှ လွတ်မြောက်လာသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။