ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း မာရဝိဇယဗုဒ္ဓဥယျာဉ်တော်၌ ကျင်းပပြုလုပ်မည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်တွင် မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲသို့ ပြည်နယ်အစိုးရအဖွဲ့ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့်အဖွဲ့အား ထောက်ပံ့ငွေပေးအပ်
နေပြည်တော်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်၌ ကျင်းပပြုလုပ်မည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်တွင် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲသို့ ရခိုင်ပြည်နယ်ကိုယ်စားပြု မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲဝင်ရောက်ရန် သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲအသင်းအား ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၉ ရက်နေ့၊ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။