ကျောက်ဖြူမြို့၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း လူထုအသိပညာပေးလှုံ့ဆော်ရေး ပိုစတာစိုက်ထူ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” ဆောင်ပုဒ်နှင့်အညီ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း လူထုအသိပညာပေးလှုံ့ဆော်ရေး ပိုစတာ Bill Board စိုက်ထူပွဲကို ယမန်နေ့ နံနက်ပိုင်းက လူသွားလူလာများပြီး လူစည်ကားရာနေရာဖြစ်သည့် အလယ်ပိုင်းရပ်ကွက်ရှိ နာရီစင်အနီးမြေနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။