ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်နေမှုနှင့် မုန်တိုင်းဘေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေနေမှု လှည့်လည်ကြည့်ရှု
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက စစ်တွေမြို့၊ မြို့မဈေးကြီး၊ ရွှေပြားဈေးနှင့် သဲချောင်းဈေးတို့တွင် မုန်တိုင်းအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေး အသိပေး နှိုးဆော်နေမှု၊ မုန်တိုင်းဘေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေနေမှုနှင့် ဈေးသူ၊ ဈေးသားများ ဈေးရောင်းချနေမှုတို့ကို လှည့်လည်ကြည့်ရှုကြသည်။